လာမယ့် ဘောလုံးရာသီ ချန်ပီယံလိဂ်ကို ၀င်ခွင့်မရပေမယ့် နာမည်ကြီးကစားသမားတွေကို ဆက်လက်ထိန်းနိုင်မယ်လို့ အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြ လူးဝစ်ဗန်ဂါးက ပြောပါတယ်။
လက်ရှိမှာတော့ ကစားသမားတယောက်ကမှ အသင်းကနေထွက်ခွာဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ ထင်တဲ့အကြောင်း ဗန်ဂါးက ပြောပါတယ်။
၂၀၁၄-၁၅ ဘောလုံးရာသီမှာ မန်ယူအသင်းဟာ နံပါတ် ၄ နေရာမှာ ရပ်တည်ပြီး နံပါတ် ၄ နေရာက မန်စီးတီးနဲ့ ၄ မှတ်ကွာဟနေပြီး ချန်ပီယံလိဂ် ၀င်ခွင့်ရရေးအတွက် လက်ကျန် ၆ ပွဲကို အားထုတ် ကစားရမှာ ဖြစ်ပါတယ်။
လီဗာပူးနဲ့ မန်စီးတီးတို့ ဥရောပ ပြိုင်ပွဲမှာ အောင်ပွဲခံခဲ့ရင် မန်ယူက ဒီနှစ်ဘောလုံးရာသီအပြီး နံပါတ် ၄ နေရာ ရယူထားရင်တောင် ယူရိုပါလိဂ်မှာသာ ကစားရမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ကို ၀င်အောင် မလုပ်နိုင်ပေးခဲ့တဲ့ ဗန်ဂါးအနေနဲ့ သူရဲ့ နည်းပြရာထူးကို စွန့်လွှတ်ရဖွယ် ရှိနေသလို ဒီရာသီအကုန်မှာ မော်ရင်ဟိုနဲ့ အစားထိုးမယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ထွက်ပေါ်နေပါတယ်။
6 years Ago