ချန်ပီယံလိဂ် မန်ယူ ၂-၁ ၀ုဖ်ဘတ် (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

October 1, 2015

ချန်ပီယံလိဂ် မန်ယူ ၂-၁ ၀ုဖ်ဘတ် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ်ပွဲစဉ် အုပ်စု (ဘီ) မှာပါဝင်တဲ့ မန်ယူအသင်းနဲ့ ၀ုဖ်ဘတ်အသင်းတို့ ဒီနေ့မနက်အစောပိုင်းအချိန်က ယှဉ်ပြိုင်ကစားရမှာ မန်ယူအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ၀ုဖ်ဘတ်အသင်းအတွက် ပွဲစစချင်း ၄ မိနစ်မှာပဲ ကယ်လီဂီယူရီက ၁ ဂိုးသွင်းယူခဲ့ပါတယ်။ မန်ယူအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၃၄ မိနစ်မှာ ကွင်းလယ်လူ မာတာ ပင်နယ်တီက ၁ ဂိုးနဲ့ နောက်ခံလူ စမောလင်းက ၅၃ မိနစ်မှာ ၁ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ် အုပ်စုဘီမှာ မန်ယူ၊ ၀ုဖ်ဘတ်၊ စီအက်စ်ကေအေ မော်စကိုနဲ့ ပီအက်စ်ဗွီအသင်းတို့ပါဝင်ပါတယ်။ လက်ရှိမှာတော့ ၄ သင်းလုံး ၁ ပွဲရှုံး ၁ ပွဲစီနိုင်နဲ့ ၃ မှတ်စီ ရရှိထားကြပြီး ဂိုးကွားခြားချက်တွေအရ ပီအက်စ်ဗွီက ပထမ၊ မန်ယူက ဒုတိယ၊ စီအက်စ်ကေအေက တတိယနဲ့ ၀ုဖ်ဘတ်က အောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
5 years Ago
Up