ချန်ပီယံလိဂ် ဘိတ် ၀ - ၂ ဘာစီလိုနာ (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

October 21, 2015

ချန်ပီယံလိဂ် ဘိတ် ၀ - ၂ ဘာစီလိုနာ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု အီး ပွဲစဉ်အဖြစ် စပိန် လာလီဂါက ဘာစီလိုနာနဲ့ ဘီလာရုစ်ကလပ် ဘိတ် ဘော်ရီဆော့အသင်းတို့ အေက်တိုဘာ ၂၀ ရက်ညက ယှဉ်ပြိုင်ရာမှာ ဘာစီလိုနာအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအသင်း ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ဂိုးကန်သွင်းချက် ၂၁ ချက်နဲ့ အိမ်ရှင် ဘိတ်ကို ဖိအားပေးခဲ့ပါတယ်။ ဒုတိယပိုင်း ၄၈ မိနစ်နဲ့ ၆၄ မိနစ်မှာ အီဗန် ရာကီတစ်က ၂ ဂိုးဆက်တိုက် သွင်းယူပြီး ဘာစီလိုနာတို့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအသင်းက မက်ဆီ ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ဘာစီလိုနာ နည်းပြကတော့ ဒီပွဲမှာ ဂိုးရဖို့ ခက်ခဲခဲ့သလို သူ့နောက်တန်းကိုလည်း ဘိတ်က ခြိမ်းခြောက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒီပွဲအနိုင်ကြောင့် ဘာစီလိုနာက ၃ ပွဲကစား ၇ မှတ်နဲ့ အုပ်စု ပထမ၊ ဘိတ်ကတော့ ၃ ပွဲကစား ၃ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရပ်တည်နေပါတယ်။
5 years Ago
Up