ဇွန် ၆ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘာစီလိုနာက ဂျူဗင်တပ်စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဂျာမဏီနိုင်ငံ ဘာလင်မှာ ယှဉ်ပြိုင်သွားတဲ့ ဒီပွဲမှာ ဘာစီလိုနာက ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်တွေကတော့ အပြန်လှန် ရရှိခဲ့ပါတယ်။
ဘာစီနာအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၄ မိနစ်မှာ ရာကစ်တစ်က သွင်းယူပြီး ဂျူဗင်တပ်စ်အတွက် ချေပဂိုးကို မိုရာတာက ၅၅ မိနစ်မှာ သွင်းယူပါတယ်။
ဘာကာအတွက် ဒုတိယဂိုးကို ဆွာရက်၊ နောက်ဆုံး ဂိုးကို နေမာက သွင်းယူပြီး ချန်ပီယံလိဂ် ချန်ပီယံဆုကို ဆွတ်ခူးသွားတာပါ။
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ဆုဖလားကို ၅ ကြိမ်မြောက် အဖြစ် ရယူနိုင်တာပါ။ ဂျုဗင်တပ်ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ၆ ကြိမ်မြောက် အဖြစ် ရှုံးပွဲတွေ့သွားတာ ဖြစ်ပါတယ်။
နည်းပြ လူးဝင် ဟင်နရီကေးရဲ့ ဘာစီလိုနာအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်၊ စပိန်လာလီဂါနဲ့ ဘုရင့်ဖလား ၃ခုစလုံးကို ရယူထားပါတယ်။
6 years Ago