ချန်ပီယံလိဂ် ဆုဖလားနှင့်အတူ ရီးရဲလ်မက်ဒရစ် အောင်ပွဲခံအခမ်းအနား ပြုလုပ်

June 5, 2017

ချန်ပီယံလိဂ် ဆုဖလားနှင့်အတူ ရီးရဲလ်မက်ဒရစ် အောင်ပွဲခံအခမ်းအနား ပြုလုပ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ် ဆုဖလားနဲ့အတူ စပိန်နိုင်ငံ မက်ဒရစ်မြို့ မြို့တော်ခန်းမရှေ့မှာ ဇွန်လ ၄ ရက်နေ့က အောင်ပွဲခံအခမ်းအနား ပြုလုပ်သွားပါတယ်။ ရီးရဲလ်အသင်း ဆုဖလားနဲ့အတူ အောင်ပွဲခံတဲ့ အစီအစဉ်ကို ရီးရဲလ်ပရိသတ် ထောင်သောင်းချီ တက်ရောက်ခဲ့ပါတယ်။ ကာဒစ်ကွင်းမှာယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲမှာ နည်းပြ ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ အီတလီထိပ်သီးကလပ် ဂျူဗင်တပ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တာပါ။ နည်းပြ ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ်လို့ နာမည်ပြောင်းပြီးနောက်ပိုင်း ၂ နှစ်ဆက်တိုက် ဖလားရယူနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။ ဇီဒန်းဟာ ရီးရဲလ်ကို ပထမဆုံးကိုင်တွယ်တဲ့ ရာသီမှာပဲ အဓိကကျတဲ့ လာလီဂါ ချန်ပီယံဆုနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကို တပြိုင်တည်း ရယူနိုင်ခဲ့တာပါ။ ချန်ပီယံလိဂ်ဆုဖလားနဲ့ အောင်ပွဲခံတဲ့ အခမ်းအနားကို ဘာနေဗျူးကွင်းမှာလည်း ဆက်လက်ပြုလုပ်သွားပါတယ်။
4 years Ago
Up