ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဘိုင်ယန် ၁-၂ ရီးရဲလ် (ရုပ်သံဟိုက်လိုက်)

April 13, 2017

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဘိုင်ယန် ၁-၂ ရီးရဲလ် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက နောက်ကနေ လိုက်ကစားပြီး ဘိုင်ယန်မြူးနစ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ ဒီပွဲမှာ အိမ်ရှင် ဘိုင်ယန်မြူးနစ်အတွက် ဦးဆောင်ဂိုးကို ၂၄ မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် ဗီဒယ်က သွင်းယူပါတယ်။ ၄၅ မိနစ်လောက်မှာ ရီးရဲလ် နောက်ခံလူ လက်ထိ ဘောဖြစ်တယ်ဆိုပြီး အငြင်းပွားဖွယ်ရာ ပင်နယ်တီ ပေးလိုက်ရပါတယ်။ အဲဒီပင်နယ်တီကို ဗီဒယ် ကန်သွင်းယူတာ မ၀င်လို့ အပိုင်တစ်ဂိုး နစ်နာသွားပါတယ်။ ဒီပွဲမှာ ရီးရဲလ်က ဘောလုံးပိုင်ဆိုင်မှုသာသလို ထိုးဖောက်ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။ ချေပဂိုးကို ဖြတ်တင်ဘောကနေ ရော်နယ်ဒိုက သွင်းယူပါတယ်။ ဒီဂိုးကြောင့် ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ ၇ လကြာ ဂိုးမသွင်းယူနိုင်တာကို အဆုံးသတ် ပေးနိုင်ခဲ့ပါတယ်။ ၆၁ မိနစ်လောက်မှာ ဘိုင်ယန်က မာတီနက် ဖျက်တာကြမ်းလို့ ၂၀ါ ၁ နီနဲ့ အထုတ်ခံလိုက်ရပါတယ်။ ရီရဲလ်အတွက် ဒုတိယဂိုးကိုလည်း ရော်နယ်ဒိုကပဲ သွင်းယူပါတယ်။ ဒီပွဲမှာ ရော်နယ်ဒို ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ ရော်နယ်ဒို အတွက် ဒီနှစ်ရာသီထဲမှာ ၅၃ ဂိုးမြောက် သွင်းယူနိုင်တဲ့ ဂိုးလည်း ဖြစ်ပါတယ်။
4 years Ago
Up