ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲဝင်မည့် လီဗာပူး-ဆီဗီးလာတို့၏ ယူရိုပါလိဂ် ဗိုလ်လုပွဲ

May 18, 2016

ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲဝင်မည့် လီဗာပူး-ဆီဗီးလာတို့၏ ယူရိုပါလိဂ် ဗိုလ်လုပွဲ

ယူရိုပါလိဂ် နှစ်နှစ်ဆက် ချန်ပီယံ ဆီဗီးလာအသင်းဟာ  အင်္ဂလန်ရဲ့ ဥရောပ အစဉ်အလာ ကြီးမာတဲ့  လီဗာပူးလ် အသင်းတို့ ဆွစ်ဇာလန်နိုင်ငံ ဘာဆယ်မြိုမှာ  ယှဉ်ပြိုင်ရမှာပါ။ ယူရိုပါလိဂ်သမိုင်းမှာ ဆီးဗီးလားအသင်းဟာ ၄ ကြိမ်ဗိုလ်စွဲနိုင်ခဲ့ပြီး ၂၀၀၆၊ ၂၀၀၇ ရာသီတွေနဲ့ ၂၀၁၄၊ ၂၀၁၅ ရာသီတွေမှာ ၂ နှစ်ဆက်တိုက် နှစ်ကြိမ် ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကတော့ ၃ ကြိမ် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဆီဗီးလား နဲ့ လီဗာပူးလ်တို့ဟာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံတာ ဖြစ်ပါတယ်။  လီဗာပူးအတွက်တော့ ၂၀၀၇ ချန်ပီယံလိဂ် ဗိုလ်လုပွဲ နောက်ပိုင်းမှာ ပထမဆုံးအနေနဲ့ ဥရောပအဆင့်မှာ ဗိုလ်လုပွဲကို တက်လှမ်းလာတာပါ။ နည်းပြ ဂျာကန် ကလော့ပ်ရဲ့ လီဗာပူးဟာ ပြည်တွင်း ပရီးမီးယားလိဂ်မှာ အဆင့် ၈ ပဲ ရပ်တည်နိုင်ခဲ့လို့ ချန်ပီယံလိဂ် ၀င်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခွင့် ရယူနိုင်မယ့် ယူရိုပါလိဂ်ဘက်ကို ပိုအာရုံရောက်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယာလိဂ်ပွဲတွေမှာ အဓိကကစားသမားတွေကို အနားပေးထားခဲ့ပါတယ်။ လီဗာပူးဟာ ယူရိုပါလိဂ်ပြိုင်ပွဲတလျှောက် သွင်းဂိုး (၁၈) ဂိုးနဲ့ ပေးဂိုး (၁၀) ဂိုး ရှိထားပါတယ်။ ဗိုလ်လုပွဲနဲ့ ပတ်သက်လို့ လီဗာပူး နည်းပြ ဂျာကန် ကလော့က “ဖိအားတွေ ရှိတယ်လို့ မခံစားရပါဘူး။ အခွင့်အရေးတခုလိုပဲ ခံစားရပါတယ်” လို့ ပြောပါတယ်။ အလားတူ ဆီဗီးလား အသင်းဟာလည်း စပိန်လာလီဂါမှာ အဆင့် (၇) နေရာမှာပဲ ရပ်တည်နိုင်ခဲ့လို့ ချန်ပီယံလိဂ်တိုက်ရိုက် ၀င်ခွင့်နဲ့ လွဲချော်ထားပါတယ်။ ဒါကြောင့် ယူရိုပါလိဂ်ဖလားဘက်ကို ပိုအာရုံစိုက်ထားတယ်လို့ ဆိုရမှာပါ။ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ပြုတ်လာတဲ့  ဆီဗီလာဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၁၄ ဂိုးနဲ့ ပေးဂိုး ၆ ဂိုး ရထားလို့ ပေးဂိုးနည်းတဲ့ အသင်းလို့ ဆိုရမှာပါ။ သွင်းဂိုး (၅၁)၊ ပေးဂိုး (၅၀) ရထားတဲ့ ဆီဗီလာနည်းပြ အူနိုင်း အန်မရီက “ ဒါဟာ တတိယမြောက် ဗိုလ်လုပွဲ ကစားဖို့ အခွင့်အရေးပါ။ နိုင်ရင် သမိုင်းကို ပြောင်းလဲပြီး ကျနော်တို့ရဲ့ နာမည်တွေကို မှတ်တမ်းရေးထိုးနိုင်ပါလိမ့်မယ်။ အဲဒီအတွက် အားလုံးက စိတ်ဓာတ် တက်ကြွနေပါတယ် ”လို့ ပြောပါတယ်။ ဒီပွဲမှာ လီဗာပူးလ် အသင်းဟာ ၄-၂-၃-၁ ကစားကွက်ကိုပဲ အသုံးပြုဖွယ်ရှိပြီး ဆီမီးမှာတုန်းက  ဗယ်လာရီးရဲလ်ကို အနိုင်ရခဲ့တဲ့ လူစာရင်းကို အပြောင်းအလဲလုပ်ဖို့ သိပ်မရှိလောက်သလို ဆီးဗီလားကလည်း  ၄-၂-၃-၁ ကစားကွက်ကိုပဲ အသုံးပြုဖွယ် ရှိနေပါတယ်။ ဆီဗီးလာအနေနဲ့ လာမယ့် တနင်္ဂနွေညမှာ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲအဖြစ် နာမည်ကြီး ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒါပေမယ့် ဆီဗီးလာအနေနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ လူမချန်ဘဲ လူစုံထုတ် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ အပြန်အလှန် သွင်းဂိုးတွေ များပြီး လီဗာပူးအသင်း ကပ်ပြီး အနိုင်ရသွား နိုင်ပါတယ်။ လီဗာပူးလ် အသင်း ဖြစ်နိုင်ဖွယ် လူစာရင်း - ဂိုး- မစ်ဂနိုလက် နောက်တန်း -ကလိုင်း၊၊ကိုလိုတိုရေး၊မိုရီနို၊ လိုဘရန် ကွင်းလယ် - လယ်လာနာ၊ဖာမိနို၊အမ်မရီကပါတန်၊ဂျိမ်းမီလ်နာ၊ကော်တင်ဟို ရှေ့တန်း - စတားရစ်ခ်ျ   ဆီးဗီးလား အသင်း ဖြစ်နိုင်ဖွယ် လူစာရင်း   ဂိုး-ဆိုရီယာ နောက်-အက်စကူဒါရို၊ရာမီ၊ကာရစ်ကို၊မာရီယာနို လယ်-ကိုကီ၊အန်ဇွန်ဇီ၊ခရိုင်ချိုဝှစ်၊ဘာနီဂါ၊ဗီတိုလို ရှေ့-ဂါမဲရိုး
6 years Ago
Up