ချန်ပီယံလိဂ်ခြေစစ်ပွဲ မန်စီးတီးနှင့် စတူအာဘူခါရတ် ယနေ့ည ယှဉ်ပြိုင်မည်

A d v e r t i s e m e n t With Us

August 16, 2016

ချန်ပီယံလိဂ်ခြေစစ်ပွဲ မန်စီးတီးနှင့် စတူအာဘူခါရတ် ယနေ့ည ယှဉ်ပြိုင်မည်

မန်ချက်စတာစီးတီးအသင်းဟာ သြဂုတ် ၁၆ ရက် ညမှာ ချန်ပီယံလိဂ်ဝင်ခွင့် ခြေစစ်ပွဲ ပထမကျော့ပွဲစဉ် ကစားဖို့ ရိုမေးနီးယားနိုင်ငံကို ရောက်ရှိနေပါတယ်။ ပထမအကျော့ပွဲစဉ်မှာ မန်စီးတီးက ရိုမေးနီးယားကလပ် စတူအာဘူခါရတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ မန်စီးတီးဟာ အနိုင်ရမှ ချန်ပီယံလိဂ်ပြိုင်ပွဲကို အုပ်စုအဆင့်ကနေ ၀င်ခွင့်ရမှာ ဖြစ်ပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ချန်ပီယံလိဂ်မှာ အဝေးကွင်းဂိုးရဖို့ အရေးကြီးတယ်လို့ ပြောဆိုထားပါတယ်။ စတူအာဘူခါရတ်အသင်း နည်းပြကတော့ သူ့အသင်းရဲ့ ကြိုးစားအားထုတ်မှုတွေကို မန်စီးတီးအသင်း မြင်တွေ့ရလိမ့်မယ်လို့ ပြောပါတယ်။ ချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်ကို လာမယ့် သြဂုတ် ၂၄ ရက်နေ့ကျရင် မန်စီးတီးက အိမ်ကွင်းမှာ ပြန်လည် ဧည့်ခံရမှာ ဖြစ်ပါတယ်။
5 years Ago
Up