ချန်ပီယံလိဂ်ဝင်ခွင့်ရရေး ခြေစစ်ပွဲကစားမည့် လီဗာပူးအသင်း လူစာရင်းမှ ကော်တင်ဟိုကို ချန်လှပ်

August 15, 2017

ချန်ပီယံလိဂ်ဝင်ခွင့်ရရေး ခြေစစ်ပွဲကစားမည့် လီဗာပူးအသင်း လူစာရင်းမှ ကော်တင်ဟိုကို ချန်လှပ်

လီဗာပူးအသင်းဟာ ကွင်းလယ်ကစားသမား ကော်တင်ဟိုကို ချန်ပီယံလိဂ်ဝင်ခွင့်ရရေး ခြေစစ်ပွဲကစားမယ့် လူစာရင်းကနေ ချန်လှပ်လိုက်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရရေး ပထမအကျော့ပွဲစဉ်အဖြစ် လီဗာပူးအသင်းဟာ ဒီနေ့ညမှာ ဂျာမန်ကလပ် ဟော့ဖန်ဟိမ်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဘရာဇီးကစားသမား ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုထားပါတယ်။ ကော်တင်ဟိုဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဝတ်ဖို့ဒ်နဲ့ပွဲမှာလည်း လီဗာပူးအသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ကော်တင်ဟိုအနေနဲ့ လီဗာပူးအသင်းအတွက် ကစားနိုင်ခြင်း မရှိသေးတာကြောင့် ချန်လှပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲတပတ်ကတည်းက ကော်တင်ဟိုမပါဘဲ လေ့ကျင့်မှုတွေ ပြုလုပ်စေခဲ့တယ်လို့ နည်းပြ ဂျာဂင်ကလော့က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကမှ ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားတဲ့ ကော်တင်ဟိုကို ဘာစီလိုနာအသင်းက ပေါင်သန်း ၉၀ နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းထားပါတယ်။
4 years Ago
Up