ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ရုန်းကန်ရမည်ဟု ချဲလ်ဆီးနည်းပြ ပြော

February 1, 2018

ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ရုန်းကန်ရမည်ဟု ချဲလ်ဆီးနည်းပြ ပြော

ချဲလ်ဆီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်ရမှာဖြစ်တယ်လို့ နည်းပြကွန်တီက ပြောလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သုံးဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းနည်းပြ ကွန်တီက ပြောကြားလိုက်တာပါ။ အဆင့်လေးအတွင်းဝင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့က စိုးရိမ်စရာဖြစ်ပြီး ခက်ခဲမှာဖြစ်တာကြောင့် လာမယ့်ပွဲတွေမှာ အဆင်သင့်ဖြစ်အောင် ပြင်ဆင်သွားရမယ်လို့ ကွန်တီက ဆိုပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် စွမ်းဆောင်နိုင်မယ်ဆိုရင် အောင်မြင်မှုရတယ်လို့ ဆိုနိုင်တယ်လို့လည်း ကွန်တီက သုံးသပ်ပြောကြားသွားပါတယ်။ နည်းပြကွန်တီဟာ ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ရိုးမားနောက်ခံလူ အီမာဆင်နဲ့ အာဆင်နယ်က ဂျရူးတို့ကို ခေါ်ယူအားဖြည့်ခဲ့ပါတယ်။
3 years Ago
Up