နူးကမ့်ကွင်းထဲမှာ ဘိုင်ယန်မြူးနစ်အသင်းဘက်ကို ဆိုးရှားအနိုင်ဂိုးသွင်းယူလိုက်တဲ့အချိန် အော်ဟစ် အားပေးခဲ့မိတယ်လို့ စပါးနည်းပြ ပိုချက်တီနိုက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လူစားဝင်ကစားသမား ဆိုးလ်ရှားဟာ ဘေယန်မြူးနစ်ဘက်ကို အနိုင်ဂိုးသွင်းယူခဲ့ပြီးတော့ ဥရောပချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာလည်း တနှစ်တည်း ဖလားသုံးလုံးရတဲ့ စံချိန်လည်း ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်က စပါးနည်းပြ ပိုချက်တီနိုဟာ အက်စ်ပန်ညိုအသင်းမှာ ကစားနေခဲ့တာဖြစ်ပြီး သာမန်လေ့လာရေးအဖြစ် ပြိုင်ပွဲကို လာရောက်ကြည့်ရှုခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။
နောက်ဆုံး ၅ ပွဲ နိုင်ပွဲဆက်နေခဲ့တဲ့ ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ အစမ်းသပ်ခံဖို့ စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မှာလည်း ဖြစ်ပါတယ်။
အဲဒီပွဲစဉ်နဲ့ ပတ်သတ်လို့ ပိုချက်တီနိုက နှစ် ၂၀ အကြာ ဝင်ဘလေကွင်းထဲမှာ ထိပ်တိုက် တွေ့ဆုံနိုင်ခဲ့ပြီဖြစ်ကြောင်း၊ မန်ချက်စတာယူနိုက်တက်အသင်းဟာ အနိုင်ရဖို့ ကြိုးပမ်းလာမှာ သေချာနေပြီး စိတ်ဓာတ်လည်း တက်ကြွနေတယ်လို့ဆိုပါတယ်။
ဒါပေမယ့် စပါးအသင်းကတော့ တိုက်ပွဲဝင်စိတ်အပြည့်ရှိနေလို့ အနိုင်ရလဒ်ကိုပဲ ချစ်မြတ် နိုးပြီး အရှုံးကို မုန်းတီးကြတယ်လို့ ပြောကြားခဲ့ပါတယ်။
2 years Ago