ချန်ပီယံလိဂ်ပွဲကြည့်ရန်လာသည့် လက်စတာအမာခံပရိသတ်များနှင့် စပိန်ရဲများကြား ရန်ပွဲဖြစ်

April 12, 2017

ချန်ပီယံလိဂ်ပွဲကြည့်ရန်လာသည့် လက်စတာအမာခံပရိသတ်များနှင့် စပိန်ရဲများကြား ရန်ပွဲဖြစ် (ရုပ်သံ)

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာကျင်းပမယ့် ချန်ပီယံလိဂ်ဘောလုံးပွဲ ကြည့်ရှုဖို့ လာရောက်ကြတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းရဲ့ အမာခံပရိသတ်တွေနဲ့ စပိန်ရဲတပ်ဖွဲ့ဝင်တွေကြား အချင်းများပြီး ရုတ်ရုတ်သဲသဲရန်ပွဲ ဖြစ်ခဲ့ပါတယ်။ အိမ်ရှင် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်မယ့် လက်စတာအသင်းဘက်ကနေ အားပေးဖို့ ထောင်နဲ့ချီတဲ့ အမာခံပရိသတ်တွေ ခုလိုလာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ခုလို ရုတ်ရုတ်သဲသဲရန်ပွဲ ဖြစ်ချိန်မှာ လက်စတာ အမာခံပရိသတ် ၃၀၀ လောက် ပါဝင်ခဲ့ပြီး ပရိသတ် ၈ ဦးကို ဖမ်းဆီးထားခဲ့ရကာ ရဲတပ်ဖွဲ့ဝင် ၂ ဦး အပါအဝင် လူ ၄ ဦးကတော့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ မေရာသတင်းမှာ ဧပြီ ၁၁ ရက်နေ့က ဖော်ပြပါတယ်။ မြို့တော်ပလာဇာရှေ့မှာဖြစ်ခဲ့တဲ့ ဒီရန်ပွဲဓာတ်ပုံတွေ၊ ရုပ်သံဗွီဒီယိုဖိုင်တွေ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ လက်စတာ အမာခံပရိသတ်တွေကို ပြစ်ဒဏ်ချသင့်တယ်လို့ မြို့ခံတွေက ဒေါသတကြီး ဝေဖန်မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်း အသေးစိတ်ကို မသိရသေးပေမယ့် အင်္ဂလန်ကလပ်အသင်း ပရိသတ်တွေနဲ့ စပိန်ရဲတွေကြား အရင်ကတည်းက ခုလို ပဋိပက္ခတွေ မကြာခဏ ဖြစ်ခဲ့ဖူးပါတယ်။
4 years Ago
Up