ချန်ပီယံလိဂ်ပွဲစဉ် ဒေါ့မွန်နှင့် ရီးရဲလ် ၂ ဂိုးစီ သရေကျ

A d v e r t i s e m e n t With Us

November 23, 2016

ချန်ပီယံလိဂ်ပွဲစဉ် ဒေါ့မွန် ၈ - ၄ လီဂီယာဝါဆော၊ စပို့တင်းစီပီ ၁ - ၂ ရီးရဲလ်မက်ဒရစ် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု အက်ဖ် ပွဲစဉ် ၅ ကို နိုဝင်ဘာ ၂၂ ရက်က ယှဉ်ပြိုင်ရာ ဂျာမန်ကလပ် ဒေါ့မွန်က ပိုလန်ကလပ် လီဂီယာဝါဆောကို ၈ ဂိုး ၄ ဂိုး၊ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်က ပေါ်တူဂီကလပ် စပို့တင်းစီပီကို ၂ ဂိုး ၁ ဂိုးနဲ့ အသီးသီး အနိုင်ရပြီး နောက်တဆင့်ကို တက်သွားပါတယ်။ ဒေါ့မွန်နဲ့ လီဂီယာဝါဆောတို့ပွဲစဉ်မှာ သွင်းဂိုး ၁၂ ဂိုးအထိ ရှိတဲ့အတွက် ချန်ပီယံလိဂ် သမိုင်းတလျှောက် နှစ်သင်းပေါင်းသွင်းဂိုးအများဆုံးစံချိန်တရပ် တင်နိုင်ခဲ့ပါတယ်။ ဒေါ့မွန်အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၇ မိနစ်နဲ့ ၁၈ မိနစ်မှာ ကာဂါဝါ၊ မိနစ် ၂၀ မှာ ဆာဟင်၊ ၂၉ မိနစ်မှာ ဒမ်ဘီလီ၊ ၃၂ မိနစ်နဲ့ ၅၂ မိနစ်မှာ မာကိုရူးစ်၊ ၈၁ မိနစ်မှာ ပတ်စ်လက်ခ်တို့က အသီးသီးသွင်းယူပေးခဲ့ပြီး ပွဲကစားချိန်ပြီးလို့ နာကျင်အချိန်ပိုမှာ လီဂီယာဝါဆော ကစားသမားတဦး ကိုယ့်ဂိုးကိုယ်သွင်းခဲ့ရာက ၁ ဂိုး ထပ်ရခဲ့ပါတယ်။ လီဂီယာဝါဆောအတွက် ဂိုးတွေကိုတော့ ၁၀ မိနစ်နဲ့ ၂၄ မိနစ်မှာ Prijovic၊ ၅၇ မိနစ်မှာ Kucharczyk နဲ့ ၈၃ မိနစ်မှာ Nikolic တို့က သွင်းယူပေးခဲ့ပါတယ်။ အုပ်စု အက်ဖ် တခြားပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်က စပို့တင်းစီပီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ၂၉ မိနစ်မှာ ဗာရန်းနဲ့ ၈၇ မိနစ်မှာ ဘန်ဇီမာတို့က သွင်းယူပေးခဲ့ပြီး စပို့တင်းစီပီအတွက် ချေပဂိုးတဂိုးကိုတော့ မိနစ် ၈၀ မှာ ဆေးလ်ဗားက ပယ်နယ်တီမှဆင့် သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၆၄ မိနစ်မှာ စပို့တင်းစီပီ ကစားသမားတဦး တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒီအုပ်စုက ပွဲစဉ် ၅ အပြီးမှာတော့ ဒေါ့မွန်က ရမှတ် ၁၃ မှတ်နဲ့ အုပ်စုပထမ၊ ရီးရဲလ်မက်ဒရစ်က ၁၁ မှတ်နဲ့ ဒုတိယ၊ စပို့တင်းစီပီက ၃ မှတ်နဲ့ တတိယ၊ လီဂီယာဝါဆောက ၁ မှတ်နဲ့ အုပ်စုအောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။ ဒေါ့မွန်နဲ့ ရီးရဲလ်မက်ဒရစ်တို့ကတော့ ချန်ပီယံလိဂ် နောက်တဆင့်ကို တက်ရောက်သွားပြီး အုပ်စုပထမနဲ့ ဒုတိယနေရာအတွက် အဆုံးအဖြတ်ပွဲ ကစားဖို့ပဲ ကျန်ပါတော့တယ်။
4 years Ago

September 28, 2016

ချန်ပီယံလိဂ်ပွဲစဉ် ဒေါ့မွန်နှင့် ရီးရဲလ် ၂ ဂိုးစီ သရေကျ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု အက်ဖ် ဒုတိယပွဲစဉ်အဖြစ် ဂျာမန်ကလပ် ဒေါ့မွန်နဲ့ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်တို့ စက်တင်ဘာ ၂၇ ရက်ညက ယှဉ်ပြိုင်ရာ တဘက် ၂ ဂိုးစီ သရေကျသွားပါတယ်။ ပွဲချိန် ၁၇ မိနစ်မှာ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက အဖွင့်ဂိုး သွင်းယူပေးခဲ့ပေမယ့် ၄၃ မိနစ်မှာ ဒေါ့မွန်အတွက် အော်ဘာမီယန်းက ချေပဂိုး ပြန်သွင်းပေးခဲ့လို့ ပထမပိုင်းအပြီးမှာ တဂိုးစီ သရေကျခဲ့တာပါ။ ဒေါ့မွန်ဟာ အိမ်ကွင်းမှာကစားရတဲ့ ဒီပွဲမှာ စပိန်ထိပ်သီးအသင်း ရီးရဲလ်ကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ပြီး ဘောလုံးပိုင်ဆိုင်ခွင့်ရော ဂိုးကန်သွင်းခွင့်တွေမှာပါ အသာစီးရခဲ့ပေမယ့် ဦးဆောင်ဂိုးတွေကိုတော့ ရီးရဲလ်အသင်းကပဲ သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၈ မိနစ်မှာ ဗာရန်းက ရီးရဲလ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ၈၇ မိနစ်မှာ ဒေါ့မွန် ကွင်းလယ်တိုက်စစ်ကစားသမား ရှာရယ်လ်က ချေပဂိုး ပြန်သွင်းခဲ့လို့ ပွဲအပြီးမှာ တဘက် ၂ ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။ အုပ်စု အက်ဖ် အခြားပွဲစဉ်မှာတော့ ပေါ်တူဂီကလပ် စပို့တင်းစီပီက ပိုလန်ကလပ် လီဂီယာဝါဆောကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အုပ်စု အက်ဖ်က ၂ ပွဲစီ ကစားပြီးချိန်မှာတော့ ဒေါ့မွန်နဲ့ ရီးရဲလ်က ရမှတ် ၄ မှတ်စီတူပေမယ့် ဒေါ့မွန်က ဂိုးကွာခြားချက်အသာနဲ့ အုပ်စု ပထမနေရာက ဦးဆောင်နေပြီး ရီးရဲလ်က ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ စပို့တင်းစီပီက ရမှတ် ၃ မှတ်နဲ့ အုပ်စုတတိယ၊ လီဂီယာဝါဆောကတော့ အမှတ်မရသေးဘဲ အုပ်စုနောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
4 years Ago
Up