ချန်ပီယံလိဂ်ပွဲစဉ်တွင် လီဗာပူးနှင့် ဆီဗီလာ နှစ်ဂိုးစီသရေကျ

November 23, 2017

ချန်ပီယံလိဂ်ပွဲစဉ်တွင် မန်ယူက ဘေဆယ်ကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံး (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် အုပ်စု အေ ၅ ပွဲမြောက်မှာ မန်ယူအသင်း အဝေးကွင်းမှာ ဘေဆယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုကတော့ သူ့အသင်းအနေနဲ့ ဒီပွဲမှာ အနည်းဆုံး ၅ ဂိုးလောက် သွင်းနိုင်သင့်တယ်လို့ ပြောပါတယ်။ ဘေဆယ်က ဒီပွဲနိုင်လိုက်လို့ အုပ်စုကနေ နောက်တဆင့်တက်ရေး မျှော်လင့်ချက်တွေ ရှင်သန်သွားပါတယ်။ မန်ယူက ဒီပွဲမှာ အဓိက ကစားသမား အများစုနဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ မန်ယူက တဖက်သတ် ဖိအားပေး ကစားနိုင်ခဲ့ပြီး ဖယ်လိုင်နီရဲ့ ခေါင်းတိုက်ချက်နဲ့ ရိုဂျိုရဲ့ ကန်ချက်တွေကနေ ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။ ဘေဆယ်အတွက် အနိုင်ဂိုးကို ပွဲပြီးကာနီး ၈၉ မိနစ်မှာ လန်က သွင်းယူပြီး ပွဲအပြီးမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အုပ်စု အေ တခြားပွဲစဉ်မှာတော့ ရုရှားကလပ် စီအက်စ်ကေအေ မော်စကိုက ပေါ်တူဂီကလပ် ဘင်ဖီကာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ စီအက်စ်ကေအေအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၃ မိနစ်မှာ ဂျော်ဂျီ ချန်နီကော့ဗ်က သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ပွဲချိန် ၅၆ မိနစ်မှာ ဘင်ဖီကာ ကစားသမား ကိုယ့်ဂိုးကိုယ်သွင်းမိရာက ရရှိခဲ့ပါတယ်။ အုပ်စု အေက ငါးပွဲစီ ယှဉ်ပြိုင်အပြီးမှာတော့ မန်ယူက ၁၂ မှတ်နဲ့ ဦးဆောင်နေပြီး ဘေဆယ်က ၉ မှတ်နဲ့ ဒုတိယ၊ စီအက်စ်ကေအေ မော်စကိုကလည်း ၉ မှတ်နဲ့ ဂိုးကွာခြားချက်အရ တတိယ၊ ဘင်ဖီကာက အမှတ်မရသေးဘဲ ဇယားအောက်ဆုံးမှာ ရပ်တည်နေပါတယ်။
3 years Ago

September 14, 2017

ချန်ပီယံလိဂ်ပွဲစဉ်တွင် လီဗာပူးနှင့် ဆီဗီလာ နှစ်ဂိုးစီသရေကျ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု အီး အဖွင့်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် လီဗာပူးနဲ့ စပိန် လာလီဂါကလပ် ဆီဗီလာတို့ မနေ့ညကယှဉ်ပြိုင်ရာ တဘက် ၂ ဂိုးစီ သရေကျသွားပါတယ်။ အသင်းပြောင်းမယ်လို့ သတင်းတွေထွက်နေခဲ့တဲ့ လီဗာပူး ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟို ပွဲထွက် မပါဝင်ပေမယ့် ပွဲချိန် ၇၆ မိနစ်မှာတော့ လူစားဝင် ကစားခဲ့ပါတယ်။ လီဗာပူးဟာ ကျန် အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့် အသာစီးရယူနိုင်ခဲ့ပါတယ်။ အဖွင့်ဂိုးကိုတော့ ဆီဗီလာက ရယူနိုင်ခဲ့ပြီး ပွဲအစ ၅ မိနစ်မှာပဲ ဘန်ယက်ဒါက အနီးကပ် ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ လီဗာပူးအတွက် ချေပဂိုးကို ပွဲချိန် ၂၁ မှာ တိုက်စစ်မှူး ဖာမီနိုက သွင်းယူပေးခဲ့ပြီး ဦးဆောင်ဂိုးကိုတော့ ၃၇ မိနစ်မှာ ဆာလာက သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ လီဗာပူးက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၄၂ မိနစ်မှာ လီဗာပူး ပယ်နယ်တီကန်ခွင့်ရခဲ့ပေမယ့် တိုက်စစ်မှူး ဖာမီနို ကန်သွင်းချက် ဂိုးတိုင်ထိထွက်ခဲ့လို့ လီဗာပူး နစ်နာခဲ့ရပါတယ်။ ဆီဗာလာအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၇၂ မိနစ်မှာ ကော်ရီယာက သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ၂ ဂိုးစီ သရေကျသွားပါတယ်။ အုပ်စု အီး နောက်ပွဲစဉ်တခုဖြစ်တဲ့ ဆလိုဗေးနီးယားကလပ် မာရီဘောနဲ့ ရုရှားကလပ် စပါးတပ်မော်စကိုတို့ ပွဲစဉ်မှာလည်း တဘက် တဂိုးစီ သရေကျခဲ့ပါတယ်။
4 years Ago
Up