ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် အက်သလက်တီကိုမက်ဒရစ်နှင့် လက်စတာ ယနေ့ညယှဉ်ပြိုင်မည်

April 12, 2017

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် အက်သလက်တီကိုမက်ဒရစ်နှင့် လက်စတာ ယနေ့ညယှဉ်ပြိုင်မည်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်က အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းနဲ့ ဒီနေ့ည ယှဉ်ပြိုင်ရမှာပါ။ အက်သလက်တီကိုအသင်းမှာ တိုက်စစ်မှူး ဂါမီရီယိုကတော့ ဒဏ်ရာကြောင့် သီးခြားလေ့ကျင့်နေရပြီး ပြိုင်ပွဲမှာ ပါဝင်ကစားဖို့ မသေချာတဲ့ အနေထားမှာ ရှိနေပါတယ်။ တခြားကစားသမားဖြစ်တဲ့ ကွင်းလယ်လူ ဂိုက်တန်နဲ့ သီယာဂို မန်ဒက်စ်တို့က ကစားနိုင်မှာ ဖြစ်ပါတယ်။ တီကိုအသင်းဟာ ဥရောပအဆင့်မှာ ကျင်လည်နေတဲ့အသင်းဖြစ်သလို ကစားသမားတွေကလည်း ပြိုင်ဘက် လက်စတာအသင်းထက် အတွေ့အကြုံပိုင်းမှာ ပိုများပါတယ်။ လက်စတာကတော့ ပရီးမီးယားလိဂ်မှာထက် ချန်ပီယံလိဂ်ကို ပိုအာရုံစိုက်နေပြီး မထင်မှတ်တာတွေ လုပ်ပြနိုင်မလားဆိုတာကို စောင့်ကြည့်ခံရတဲ့အသင်းလည်း ဖြစ်ပါတယ်။ လောလောဆယ် တီကိုအသင်းမှာ တိုက်စစ်မှူး ဂရစ်ဇ်မန်း ဂိုးတွေသွင်းနေပြီး ခြေစွမ်းပြနေပါတယ်။
4 years Ago
Up