ချန်ပီယံလမ်းကြောင်းမှ

December 10, 2017

ချန်ပီယံလမ်းကြောင်းမှ ထွက်ခွာသွားပြီဟု ချဲလ်ဆီးနည်းပြပြော

ပရီးမီးယားလိဂ် အမှတ်ပေးဖလား ချန်ပီယံလမ်းကြောင်းကနေ ထွက်ခွာသွားခဲ့ပြီလို့ ချဲလ်ဆီးနည်းပြကွန်တီက ဝန်ခံပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ မျှော်လင့်ချက်ဟာ တဖြည်းဖြည်းမှေးမှိန်လာခဲ့ပါတယ်။ ဝက်စ်ဟမ်းတိုက်စစ်မှူး အနာတိုဗစ်ရဲ့ အစောပိုင်းသွင်းဂိုး ၁ ဂိုးတည်းနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးအသင်းနဲ့ ၁၁ မှတ် ပြတ်ခဲ့တာကြောင့် အမှတ်ပေးဖလား ချန်ပီယံလမ်းကြောင်းကနေ ထွက်ခွာသွားသလောက်ဖြစ်နေပြီလို့လည်း သုံးသပ်နေကြပါတယ်။ ကွန်တီကတော့ အမှတ်ပေးဖလားဟာ ချဲလ်ဆီးအသင်းအတွက် မဖြစ်နိုင်တော့ကြောင်း သူ့ရဲ့အတွေ့အကြုံအရ ချန်ပီယံဖြစ်ဖို့ဆိုရင် ရာသီဝက်မှာ တစ်ပွဲ နှစ်ပွဲသာ ရှုံးခွင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြမိုရက်စ်ကတော့ သူစတင်ကိုင်တွယ်တဲ့ ပထမပွဲစဉ်မှာ အသင်းဟောင်းအဲဗာတန်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ အဖွင့်မလှခဲ့ပေမယ့် ချဲလ်ဆီးလိုအသင်းမျိုးကို အနိုင်ရရှိခဲ့တာကြောင့် စိတ်သက်သာရာရခဲ့ပါတယ်။
3 years Ago
Up