ချန်ပီယံများဖလား လီဗာပူးက ဘာစီလိုနာကို ၄ ဂိုးပြတ်အနိုင်ရ (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

August 7, 2016

ချန်ပီယံများဖလား လီဗာပူးက ဘာစီလိုနာကို ၄ ဂိုးပြတ်အနိုင်ရ (ရုပ်သံဟိုက်လိုက်)

အင်္ဂလန်နိုင်ငံမှာ ၀မ်ဘလေကွင်းမှာ သြဂုတ် ၅ ရက်ေန့ညက ယှဉ်ပြိုင်သွားတဲ့ နိုင်ငံတကာ ချန်ပီယံများဖလား ဘောလုံးပြိုင်ပွဲ ခြေစမ်းပွဲမှာ လီဗာပူးက နာမည်ကြီး ဘာစီလိုနာကို ၄ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။ ဒီပွဲမှာ လီဗာပူးက အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး မာနီ အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာ နာမည်ကြီး တိုက်စစ်မှူးတွေဖြစ်တဲ့ မက်ဆီနဲ့ ဆွာရက်တို့ ပါဝင် ကစားသွားပါတယ်။ လီဗာပူးအတွက် ဂိုးတွေကို စဒီယိုမိန်း (၁၅ မိနစ်)၊ အိုရီဂီ (၄၈ မိနစ်)၊ မာကိုက (မိနစ် ၉၀) သွင်းဂိုးတွေအပါဝင် ၄၇ မိနစ်မှာ လီဗာပူးအတွက် ဒုတိယဂိုးကို တဖက် နောက်တန်းသမား မာရှေယာနို ကိုယ့်ဂိုးကို သွင်းမိရာကနေ ရသွားတာပါ။ ဒီပွဲမှာ ဘာကာက ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့် ၁၃ ကြိမ်ရပေမယ့် အသုံး မချနိုင်ခဲ့ပါဘူး။ လီဗာပူးကတော့ ကန်သွင်းခွင့် ၇ ကြိမ်မှာ ၃ ဂိုး ရခဲ့ပါတယ်။ ဒီပွဲကို ပရိသတ်ပေါင်း ၉ သောင်းနီးပါး လာရောက် အားပေးလို့ ၀မ်ဘလေကွင်းမှာ ကစားတဲ့ ပွဲစဉ်တွေထဲမှာ ပရိတ်သတ် ဒုတိယအများဆုံး ပွဲလည်း ဖြစ်ခဲ့ပါတယ်။
5 years Ago
Up