တရုတ်နိုင်ငံမှာ ကစားနေတဲ့ နိုင်ငံတကာ ချန်ပီယံဖလား ပြိုင်ပွဲမှာ စပိန်လာလီဂါထိပ်သီး ရီးရဲလ်မက်ဒရစ်က အီတလီစီးရီးအေ အေစီမီလန်အသင်းကို ၁၀ ဂိုး ၉ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ပွဲကစားချိန်အတွင်း တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူရမှာ ရီးရဲလ်အသင်းက အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
ပထမပိုင်းမှာ ပွဲက အထနှေးခဲ့ပေမယ့် အေစီမီလန်က ကစားအားကို အရှိန်မြှင့်ဖို့ ကြိုးစားခဲ့ပါတယ်။
ရီးရဲလ်အသင်း ဂိုးဧရိယာအနီးမှာ ဖရီးကစ်ကန်ခွင့်ရပေမယ့် ရော်နယ်ဒိုက ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပါဘူး။
အပြောင်းအလဲတချို့ လုပ်ဆောင်ခဲ့တဲ့ ရီးရဲလ်ဟာ ဒုတိယပိုင်းမှာတော့ ကစားပုံ ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ရှိလာပါတယ်။
၂ ဘက်အသင်းတွေ အပြန်အလှန် ဂိုးသွင်းခွင့် ရခဲ့ပေမယ့်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။
ဒီပွဲမှာ အေစီမီလန်ရဲ့ အပိုင်ဂိုးသွင်းခွင့်တွေကို ရီးရဲလ်ဂိုးသမား ကီကို ကာဆီလာ လက်စွမ်းပြ ကာကွယ်သွားပါတယ်။
ဒါ့အပြင် အဆုံးအဖြတ် ပင်နယ်တီမှာလည်း ရီးရဲလ် ဂိုးသမား ကာဆီလာက ကိုယ်တိုင် ပင်နယ်တီကို သွင်းယူခဲ့သလို အေစီမီလန် ဂိုးသမား ဒိုနာယူမာရဲ့ ပင်နယ်တီကိုလည်း ကာကွယ်သွားခဲ့ပါတယ်။
မီလန် နည်းပြကတော့ ဒီပွဲမှာ မီလန် ကစားပုံကို ကျေနပ်တယ်လို့ ပွဲအပြီး ပြောဆိုပါတယ်။
ဒီအတွက် ရီးရဲလ်အသင်းဟာ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲမှာ ဗိုလ်စွဲသွားပြီ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျင်းပတဲ့ နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲမှာတော့ ပြင်သစ် လီဂူးက ပီအက်စ်ဂျီအသင်း ရရှိသွားပါတယ်။
6 years Ago