ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်ဖို့ဆိုရင် လက်ကျန်ပွဲအားလုံး အနိုင်ကစားမှ ရတော့မယ်လို့ မန်ယူ ကွင်းလယ်ကစားသမား လင်ဂတ်က ဝန်ခံပြောကြားလိုက်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ ပွဲ ကစားအပြီးမှာ မန်စီးတီးက ဒုတိယနေရာက မန်ယူကို ၁၁ မှတ် ဖြတ်ထားတာပါ။
ပွဲစဉ်အားလုံးကို အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားမယ်ဆိုရင် ရာသီကုန်ဆုံးတဲ့အချိန်မှာ ဘယ်အသင်းက ထိပ်ဆုံးမှာရှိနေမလဲဆိုတာ တွေ့မြင်ရမယ်လို့ လင်ဂတ်က ဆိုပါတယ်။
မန်ယူအသင်းအနေနဲ့ တချို့ပွဲတွေမှာ ခြေစွမ်းမကောင်းပေမယ့် အနိုင်ရခဲ့တာရှိသလို ခြေစွမ်းပြနိုင်ပေမယ့် ရလဒ်ဆိုးခဲ့တာတွေ ရှိခဲ့ပြီး ဒါဟာ ဘောလုံးမှာ ဖြစ်တတ်တဲ့အရာလို့ လင်ဂတ်က ဆိုပါတယ်။
အသက် ၂၅ နှစ်ရှိ လင်ဂတ်ဟာ ဒီနှစ် ဘောလုံးရာသီမှာ မန်ယူအတွက် ၇ ဂိုး သွင်းယူထားပါတယ်။
3 years Ago