ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိသေးကြောင်း လီဗာပူးနည်းပြ ပြော

October 2, 2017

ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိသေးကြောင်း လီဗာပူးနည်းပြ ပြော

ထိပ်ဆုံးကအသင်းတွေနဲ့ အမှတ်ပြတ်နေပေမယ့် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိသေးတယ်လို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့က ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ တဂိုးစီသရေကျခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီး၊ မန်ယူအသင်းတွေနဲ့ ၇ မှတ် ကွာဟသွားပါတယ်။ ဒီလို အမှတ်ကွာဟချက်ရှိပေမယ့် ပြိုင်ဘက်အသင်းတွေလည်း ခြေချော်ဦးမှာဖြစ်တဲ့အတွက် ချန်ပီယံလမ်းကြောင်းမှာပဲ ရှိသေးတယ်လို့ ဂျာဂန်ကလော့က ပြောပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲ ကစားအပြီးမှာ ၃ ပွဲနိုင်၊ ၃ ပွဲရှုံး၊ ၁ ပွဲသရေ ရလဒ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေတာပါ။ ရလဒ်ကောင်းတွေ ရယူနိုင်ခြင်း မရှိပေမယ့် ပွဲတိုင်းမှာ ခြေစွမ်းအသာစီးရအောင် ကစားနိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေ လွဲချော်နေတာက အဓိကပြဿနာတခုဖြစ်တယ်လို့ ဂျာဂန်ကလော့က ဆိုပါတယ်။
4 years Ago
Up