ဂျာမနီနိုင်ငံ မြို့တော် အိုလံပစ်အားကစားကွင်းမှာ မတ် ၂၆ ရက်နေ့က ကျင်းပတဲ့ အင်္ဂလန်နဲ့ ဂျာမနီ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းက ၃-၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဂျာမနီအသင်းအတွက် ဂိုးတွေကိုတော့ တိုနီခရုစ်က ၄၃ မိနစ်နဲ့ ဂိုမက်ဇ်က ၅၇ မိနစ်မှာ ၁ ဂိုးစီ သွင်းယူခဲ့ပြီး အင်္ဂလန်အသင်းအတွက် ဂိုးတွေကိုတော့ ဒုတိယပိုင်းမှာမှ ဟယ်ရီကိန်းက ၆၁ မိနစ်၊ ဂျမိန်းဗာဒီက ၇၄ မိနစ်နဲ့ အဲရစ်ဒိုင်ယာက မိနစ် ၉၀ တွေမှာ ၁ ဂိုးစီ သွင်းယူခဲ့ကြတာဖြစ်ပါတယ်။
ဂျာမနီအသင်းနဲ့ အင်္ဂလန်အသင်းတို့ ချစ်ကြည်ရေး ဘောလုံးပွဲ မစခင်မှာလည်း ဘယ်လဂျီယံနိုင်ငံ ဘရက်ဆဲ ဗုံးကွဲမှုအတွင်း သေဆုံးသူတွေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ခေတ္တငြိမ်သက်ခဲ့ကြပါတယ်။
ပွဲမစခင် ကွင်းလယ် စက်ဝိုင်းမှာ စုရုံးပြီး မတ်လ ၂၂ ရက်နေ့က ဘရက်ဆဲလ်မြို့ ဗုံးကွဲမှုမှာ သေဆုံးသူတွေအတွက် ၀မ်းနည်းကြောင်း ပြသခဲ့ကြပါတယ်။
ဘရက်ဆဲလ် လေဆိပ်နဲ့ မြေအောက်ရထား ဘူတာတို့မှာ အသေခံ ဗုံးခွဲသမားတွေက ဖောက်ခွဲခဲ့လို့ လူ ၃၁ ယောက် သေဆုံးပြီး ၃၁၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒီတပတ်အတွင်း ဥရောပတခွင်က ချစ်ကြည်ရေး ဘောလုံးပွဲတိုင်းမှာ အခုလိုပဲ ၀မ်းနည်းခြင်း အထိမ်းအမှတ် ငြိမ်သက်တဲ့ အစီအစဉ်တွေ ပြုလုပ်နေကြတာပါ။
5 years Ago