ချစ်ကြည်ရေးခရီးရောက်ရှိနေ

November 10, 2016

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အီတလီကို အလုပ်သဘော ချစ်ကြည်ရေးခရီးရောက်ရှိနေ

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အီတလီနိုင်ငံ ဗင်းနစ်မြို့ကို အလုပ်သဘော ချစ်ကြည်ရေးခရီး ရောက်ရှိနေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့အီတလီခရီးစဉ်အတွင်း အီတလီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် စစ်ဘက်ခေါင်းဆောင်များနဲ့ တွေ့ဆုံဖို့ရှိပြီး အီတလီရဲ့ စက်မှုလုပ်ငန်းတွေကိုလည်း လေ့လာသွားဖို့ရှိနေပါတယ်။ မြန်မာတပ်မတော် အကြီးအကဲဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ကနေ တဆင့် နိုဝင်ဘာ ၉ ရက်နေ့က လေကြောင်းနဲ့  အီတလီနိုင်ငံကို  ဆက်လက်သွား ရောက်နေ တာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟာ ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မှာ ပြုလုပ်ခဲ့တဲ့ ဥရောပသမဂ္ဂ စစ်ဘက်ကောင်စီ အစည်းအဝေးကို တက်ရောက်ခဲ့ပြီး  မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးနဲ့ လုံခြုံရေး ဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများအပေါ် ရှင်းလင်းပြောကြားခဲ့ပါတယ်။ ပြည်သူရွေးချယ်တဲ့လမ်းကြောင်းကို တပ်မတော်က ခိုင်မာအောင် ထိန်းသိမ်းပေးခဲ့တာ အစိုးရသက်တမ်းနှစ်ခုရှိပြီဖြစ်ပြီး  လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာ ခဲ့တဲ့ ပြည်တွင်းသောင်းကျန်းမှုတွေ ချုပ်ငြိမ်းရေးအတွက် အစိုးရအဆက်ဆက် ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့ပြီး ၂၀၁၅မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ခုနဲ့ အန်စီအေ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် ပဋိပက္ခတွေဟာ တိုင်းရင်းသားအရေး ကိစ္စမဟုတ်ဘဲ အင်္ဂလိပ် ကိုလိုနီကာလတစ်လျှောက် အကြောင်းအမျိုးမျိုးနဲ့ ၀င်ရောက်လာကြတဲ့ ဘင်္ဂါလီများတွေကြောင့် ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ဖြစ်တယ်လို့လည်း မြန်မာကာကွယ်ရေးဦးစီးချုပ်က အီးယူ စစ်ဘက် ခေါင်းဆောင်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
6 years Ago
Up