ချစ်ခြင်းမေတ္တာနှင့်

December 24, 2017

ချစ်ခြင်းမေတ္တာနှင့်ကရုဏာတရားထားကြရန် ဖင်လန်ခရစ္စမတ်ဘိုးဘိုး တိုက်တွန်း

ဖင်လန်နိုင်ငံမြောက်ပိုင်း “ရိုဗန်နီရယ်မီ” ရွာလေး က ခရစ္စမတ်ဘိုးဘိုးဟာ လူသားအားလုံးကို ချစ်ခြင်းမေတ္တာနဲ့ ကရုဏာတရား ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အဲဒီ ခရစ္စမတ်ဘိုးဘိုးကြီး ရွာကို ဒီနှစ်မှာ  ဧည့်ပရိသတ် ၁၆၀, ၀၀၀ ၀န်းကျင်လောက် လာရောက်လည်ပတ်ကြပြီး အများစုဟာ အာရှဒေသမှ ဖြစ်ပါတယ်။ “ပရိသတ်များ အားလုံး။ ပျော်ရွှင်စရာ ခရစ္စမတ်ဖြစ်ပါစေ။ မျော်လင့်ထားတဲ့အတိုင်း နှစ်သစ် တခု ရောက်ခဲ့ပြန်ပါပြီ။ ခရစ္စမတ်ကာလ ပျော်ရွှင်ခြင်းတွေကို ကလေးသူငယ်တွေ၊ နတ်သူငယ်တွေနဲ့အတူ ဝေမျှခံစားကြဖို့ အချိန်ရောက်ရှိလို့လာပါပြီ။ ကျနော်ပရဲ့ အကြီးမားဆုံး ခရစ္စမတ်လက်ဆောင်ကတော့ ကျနော်တို့အားလုံးဟာ ကိုယ့်ပတ်ဝန်ျးကျင်မှာ အထီးကျန်နေသူတွေ ရှိသလား စဉ်းစားကြစေချင်ပါတယ်။ ကိုယ်ရဲ့ အိမ်နီးချင်း၊ အဆက်အသွယ်ပြတ်နေတဲ့ မိတ်ဆွေတွေ၊ ကိုယ့်ရဲ့ အမျိုးအဆွေတွေနဲ့ အဆက်အသွယ် လုပ်ကြပါ။ မက်ဆေ့ဂ်ျပို့တာ၊ ဖုန်းဆက်တာ၊ ချက်တင်ထိုင်တာတွေ လုပ်ကြပါ။ အဲဒါဟာ အထီးကျန်နေတဲ့ လူသားတဦးအဖို့ အကြီးမားဆုံး အထောက်အပံ့ဖြစ်ပါတယ်” လို့ ခရစ္စမတ်ဘိုးဘိုးကြီးက  ဆန္ဒပြုခဲ့ပါတယ်။ ဖင်လန်နိုင်ငံမှာ ခရစ္စမတ်ဘိုးဘိုးကြီးကို “ယိုလုဘွတ်ကီ” လို့ ခေါ်ကြပြီး “ခရစ္စမတ်ဆိတ်” လို့  အဓိပ္ပာယ်ရပါတယ်။ ဖင်လန်နိုင်ငံမြောက်ပိုင်း “ရိုဗန်နီရယ်မီ”ရွာလေးက ခရစ္စမတ်ဘိုးဘိုးကြီးဟာ နှစ်စဉ် နှစ်တိုင်း ခရစ္စမတ်လက်ဆောင်တွေဝေဖို့ ကမ္ဘာပတ်ခရီး ထွက်လေ့ရှိပါတယ်။
3 years Ago
Up