ချစ်သူနှင့်ရန်ဖြစ်ပြီး ၇ ထပ် အဆောက်အဦပေါ်မှ အမျိုးသမီးတဦး ခုန်ချသေဆုံး

A d v e r t i s e m e n t With Us

March 29, 2016

ချစ်သူနှင့်ရန်ဖြစ်ပြီး ၇ ထပ် အဆောက်အဦပေါ်မှ အမျိုးသမီးတဦး ခုန်ချသေဆုံး

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ အမျိုးသမီးတဦးဟာ သူ့ချစ်သူနဲ့ စကားများ ရန်ဖြစ်ပြီး ကွန်ဒိုအဆောက်အဦရဲ့ ၇ ထပ်မြောက်ကနေ ခုန်ချသေဆုံးခဲ့တယ်လို့ ချင်းမိုင်စီးတီးလိုက်ဖ် သတင်းမှာ ဖော်ပြပါတယ်။ အသက် ၃၇ နှစ်အရွယ် ကာရန်ယုသကက်ဇဲလ် အမည်ရ အဲဒီအမျိုးသမီးဟာ မတ်လ ၂၇  ရက်နေ့ မနက်ပိုင်းမှာ သူ့ရဲ့အတူနေ အင်္ဂလန်နိုင်ငံသား ချစ်သူနဲ့ သည်ရီဆော့တ်ကွန် ကွန်ဒို အဆောက်အဦရှေ့က ဆိုင်တဆိုင်မှာ တွေ့ဆုံခဲ့ကြတာပါ။ အဲဒီနောက် မနက် ၉ နာရီမှာ သူဟာ အခန်းကို တယောက်တည်း ပြန်လာခဲ့တာကို ကွန်ဒို လုံခြုံရေးဝန်ထမ်းတွေက တွေ့ခဲ့ကြပြီးနောက်မှာ အဆောက်အဦ အပေါ်ဆုံးထပ် ၇ လွှာ အမြင့်ကနေ ခုန်ချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ရဲတွေရောက်လာချိန်မှာတော့ သူဟာ သွေးအလိမ်းလိမ်းနဲ့ သေဆုံးနှင့်ခဲ့ပြီး ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့အလောင်းကို နာခွန်ပေါင်ဆေးရုံ ပို့ဆောင်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အဲဒီအမျိုးသမီးနဲ့ သူ့ချစ်သူဟာ ကွန်ဒိုအဆောက်အဦ အခန်းအမှတ် ၃၀၂ မှာ အတူတကွ နေထိုင်နေကြတာဖြစ်ပြီး သေကြောင်းမကြံခင်မှာ သူတို့ ၂ ဦးစလုံးဟာ အရက်တွေ အလွန်အကျွံ သောက်ထားခဲ့ကြတယ်လို့ ရဲတွေက ပြောပါတယ်။
5 years Ago
Up