အမေရိကန်နိုင်ငံ၊ ဆီးတဲလ်ရေအောက်ပြတိုက်မှာ ချစ်သူများနေ့ရောက်တိုင်း နှစ်စဉ်ကျင်းပနေကျ ရေဘ၀ဲမိတ်လိုက်မှုပြပွဲကို ခုနှစ်မှာတော့ ရပ်ဆိုင်းခဲ့ရတယ်လို့ စီအန်အန် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒီပြပွဲကို ဆယ်စုနှစ်တစုကြာ အဲဒီပြတိုက်မှာ ကျင်းပလာခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ ပေါင်ချိန် ၇၀ အလေးချိန်ရှိတဲ့ “ကောင်း” (Kong) လို့ အမည်ရတဲ့ ရေဘ၀ဲအဖိုကြီးကို ရွေးချယ်ထားခဲ့တာပါ။
သူဟာ အရွယ်အစားကြီးလွန်းပြီး မိတ်လိုက်ဖက် ရေဘ၀ဲအမတွေဟာ အလေးချိန် ပေါင် ၃၀ နဲ့ ၄၀ ၀န်းကျင်သာ ရှိကြတာမို့ အစာအဖြစ်ယူဆပြီး စားလိုက်နိုင်တာမို့ ခုလို တားမြစ်ခဲ့တာဖြစ်တယ်လို့ ဆီးတဲလ် ရေအောက်ပြတိုက်မှ တာဝန်ရှိသူ တွမ်ကာပန်တာက ပြောပါတယ်။
ဒါကြောင့် ဒီနှစ်မှာတော့ “ကောင်း” ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှာ အမေရိကန်နိုင်ငံ အနောက်မြောက်ဘက်ကမ်းခြေ ပူးဂက်ဆောင်းဆီ ပြန်ပို့ပေးခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
ရေဘ၀ဲတွေဟာ သာမန်အားဖြင့်တော့ သက်တမ်း ၃ နှစ်ကနေ ၄ နှစ်ထိ အသက်ရှင် နေထိုင်နိုင်ကြပြီး သူတို့ သက်တမ်းကုန်ကာနီးမှာ တကြိမ် မိတ်လိုက်မှုလုပ်ကြတာ ဖြစ်ပါတယ်။
သဘာဝအရ ရေဘ၀ဲအဖိုတွေဟာ မိတ်လိုက်အပြီး လအနည်းငယ်အကြာမှာ သေဆုံးကြတာ ဖြစ်ပါတယ်။
5 years Ago