ချစ်သူကို မိချောင်းလှောင်အိမ်တွင်း သက်စွန့်ဆံဖျား လက်ထပ်ခွင့်တောင်းခဲ့သူ (ရုပ်သံ)

A d v e r t i s e m e n t With Us

November 4, 2016

ချစ်သူကို မိကျောင်းလှောင်အိမ်တွင်း သက်စွန့်ဆံဖျား လက်ထပ်ခွင့်တောင်းခဲ့သူ (ရုပ်သံ)

သြစတြေးလျနိုင်ငံ၊ တွားသွားသတ္တ၀ါဥယျာဉ်မှ မိကျောင်းထိန်းသိမ်းရေးဝန်ထမ်း ဘီလီကောလက်တ်ဟာ ချစ်သူမိန်းကလေးကို မိကျောင်းကန်လှောင်အိမ်တွင်းမှာ သက် စွန့်ဆံဖျားလက်ထပ်ခွင့်တောင်းခံခဲ့ပါတယ်။ သူဟာ ၃ နှစ်ကြာ လက်တွဲခဲ့တဲ့ ချစ်သူ ဆီအိုဘန်အောက်ဆ်လေကို မိကျောင်း ကန်အတွင်းဘက်ကို ဖိတ်ခေါ်ခဲ့ပြီး ခုလိုလက်ထပ်ခွင့်တောင်းလိုက်တာဖြစ်တယ်လို့ ဒေး လီးမေးလ်သတင်းမှာ နိုဝင်ဘာလ ၃ ရက်နေ့က ဖော်ပြပါတယ်။ မိကျောင်းကန်အတွင်းမှာတော့ အလေးချိန် ၅၀၀ ကီလိုဂရမ်ရှိတဲ့ မိကျောင်းကြီး အဲလ်ဗစ်စ်ရှိနေတာပါ။ ကောလက်တ်ဟာ အဆိုပါဥယျာဉ်မှာ အလုပ်လုပ်နေခဲ့တာ ဆယ်စုနှစ်တစုနီးပါးရှိ ခဲ့ပြီဖြစ်ပါတယ်။ သူက ချစ်သူကို လက်ထပ်ခွင့်မတောင်းခင်မှာ ရေကန်ထဲက အရှည် ၄ ဒဿမ ၅ မီတာရှိတဲ့ မိကျောင်းကြီးကို ကမ်းပေါ်ရောက်လာအောင် မျှားခေါ်ခဲ့ရတာပါ။ အဲဒီနောက်မှာတော့ အစွယ်အဖွေးသားနဲ့ မိကျောင်းကြီး အဲလ်ဗစ်စ်ရဲ့ရှေ့မှာ “ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလဟာ ငါ့ဘ၀ရဲ့ အကောင်းဆုံးအချိန်တွေပါပဲ။ ငါ့ဘ၀ရဲ့ ကျန်တဲ့ အ ချိန်တွေကိုလည်း မင်းနဲ့ပဲ ကုန်ဆုံးချင်ပါတယ်။ ငါ့ကို မင်းလက်ထပ်မလားဟင်”လို့ ကော လက်တ်က မေးခဲ့တာပါ။ အောက်ဆ်လေဟာ သူတို့ကို ငေးမောကြည့်နေတဲ့ မိကျောင်းကြီးရဲ့ရှေ့မှာ ဒီ တောင်းဆိုမှုကို လက်ခံခဲ့ပြီး အနမ်းတွေ အပြန်အလှန်ပေးခဲ့ကြတယ်လို့ သတင်းမှာ ဖော် ပြပါတယ်။
4 years Ago
Up