ချင်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနေချိန်

February 21, 2017

ချင်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနေချိန် တိုက်ပွဲမဖြစ်အောင် ညှိနှိုင်းမည်

ချင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်နေချိန်အတွင်း ချင်းပြည်နယ်ထဲမှာ  ရခိုင်လက်နက်ကိုင်တပ်ဖွဲ့  (အေအေ)နဲ့ တပ်မတော်တို့အကြား ထိတွေ့ပစ်ခတ်မှုတွေ မဖြစ်အောင်လည်း ညှိနှိုင်းမှုတွေ လုပ်သွားမယ်လို့ CNF ဗဟိုကော်မတီဝင် ဆလိုင်းရမ်းကုလ့်ကျုံးက ပြောပါတယ်။ ချင်းပြည်နယ်မှာ ပြုလုပ်မယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် လူဦးရေ ၆၀၀ ဝန်းကျင် တက်ရောက်နိုင်ဖို့အတွက် စီစဉ်ထားတာဖြစ်ပါတယ်။ ချင်းပါတီတွေက ကိုယ်စားလှယ် အရေအတွက် ၁၅၀၊ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေက ၁၅၀၊ ချင်းအမျိုးသားတပ်ဦး (CNF) က ၁၅၀၊ ပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ နဲ့ ဒီဆွေးနွေးပွဲမှာ ပါဝင်သင့်ပြီး ကျန်ခဲ့တဲ့သူတွေ ဖိတ်နိုင်ဖို့အတွက်လည်း စီစဉ်ထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အဲဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေ တောင်းဆိုခဲ့တဲ့ အခြေခံမူ ၈ ချက်ဖြစ်တဲ့ အချုပ်အခြာ အာဏာခွဲဝေမှု၊ တန်းတူညီမျှမှု၊ ဖက်ဒရယ်တည်ဆောက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လူနည်းစု အခွင့်အရေးရဖို့ ဒီမိုကရေစီနဲ့ ကျား၊ မ တန်းတူမှု၊ ဘာသာရေးကို အခြေမခံမှု စတဲ့ အချက်ဆွေကို ဆွေးနွေးသွားမှာလည်း ဖြစ်ပါတယ်။
4 years Ago
Up