ချင်းမိုင်တွင် ၈၈၊ ၈၉၊ ၅၈ နှင့် ၅၉ ပါသည့် ထီနံပါတ်များ အရောင်းသွက်

November 29, 2015

ချင်းမိုင်တွင် ၈၈၊ ၈၉၊ ၅၈ နှင့် ၅၉ ပါသည့် ထီနံပါတ်များ အရောင်းသွက်

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ရှိတဲ့ ထိုင်းအစိုးရ ထီးအရောင်းဆိုင်တွေမှာ အဓိက နံပါတ် ၈၈၊ ၈၉ အပြင် ၅၈နဲ့ ၅၉ တို့ဟာ အရောင်းရဆုံး ဖြစ်ပါတယ်။ နံပါတ် ၈၈ နဲ့ ၈၉ ကတော့ လာမယ် ဒီဇင်ဘာလ ၅ ရက်နေ့ဟာ ထိုင်းနိုင်ငံ ဘုရင်ကြီး (၈၈) နှစ်မြောက် မွေးနေ့ နဲ့ တိုက်ဆိုင်တာ ဖြစ်သလို ၅၈ နဲ့ ၅၉ ကိုတော့ ထိုင်း သက္ကရာဇ် နှစ်သစ်ကူး အပြောင်းအလဲ အထိမ်းအမှတ်အနေနဲ့ ထိုင်းပြည်သူတွေက ၀ယ်ယူအားပေးကြတာ ဖြစ်ကြောင်း ဒီကနေ့ ထိုင်းခေါင်စွပ် ( khaosod ) သတင်းဌာနမှာ ဖော်ပြထားပါတယ်။ 14487815461448782033lထိုင်းအစိုးထီ အရောင်းကိုယ်စားလှယ်တဦးရဲ့ ပြောကြားချက်အရ အဲဒီနံပါတ်တွေဟာ ရောင်းရ အကောင်းဆုံးဖြစ်ကြောင်း၊ ဘယ်လောက်ရောင်းရသလဲဆိုရင် အဲဒီနံပါတ်တွေ လုံးဝမရှိတော့ဘူးလို့ ခေါင်စွပ် သတင်းမှာ ရေးထားပါတယ်။ ထိုင်းအစိုးရထီဟာ တစောင်ကို ဘတ်ငွေ ၈၀ ပေးရပြီး ထီတစောင်ပေါက်ပါက ဆုကြေးငွေ အဖြစ် ဘတ်ငွေ သိန်း ၃၀ ရရှိမှာ ဖြစ်ပါတယ်။  
6 years Ago
Up