ချင်းမိုင်တွင် မူးယစ်ဆေးရောင်းချသူများကို ဖမ်းဆီး

May 16, 2016

ချင်းမိုင်တွင် မူးယစ်ဆေးရောင်းချသူများကို ဖမ်းဆီး (ရုပ်သံ)

ထိုင်းနိုင်ငံ ချင်းမိုင်မှာ မူးယစ်ဆေးဝါး ရောင်းချတဲ့သူ ၃ ဦးကို ရောင်းချနေစဉ်အတွင်း ချင်းမိုင်ရဲတပ်ဖွဲ့နဲ့ ဖာမောင်း တပ်ဖွဲ့တွေက ပူးပေါင်း ဖမ်းဆီးလိုက်ပါတယ်။ မေ ၈ ရက်မှာ အသက် ၃၁ နှစ်ရှိ ဆောင်ခရုတ်ကို ယာဘဆေးပြား ၁၁ ပြားနဲ့ Charoen Muang က လမ်းသွယ် ၇ မှာ ဖမ်းဆီးခဲ့ပါတယ်။ ဒီနောက် ဆောင်ခရုတ်ဆီက အချက်အလက်ကို အခြေခံပြီး ဒေသခံ မူးယစ်ဆေးဝါး ရောင်းချတဲ့သူတွေကို ထပ်မံ ဖမ်းဆီးခဲ့တယ်လို့ ချင်းမိုင်နယူးစ်မှာ ရေးပါတယ်။ မူးယစ်ဆေးဝါး ရောင်းချတဲ့သူတွေကို ဆောင်ခရုတ်အိမ်ကို ခေါ်ယူပြီးတဲ့နောက် ယာဘတွေ အမြောက်အမြားပါဝင်တဲ့ ကတ်ကို ရောင်းချစေရာမှာ အရပ်ဝတ်ရဲတွေက ပစ်ကပ်ကားပေါ်မှာ ပါလာတဲ့ မူးယစ်ဆေးဝါး ရောင်းချသူ ၃ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ကားထဲမှာ ယာဘအပြား ၃၀၊ ဘတ် ၃၀၀၀၊ ဖုန်းနဲ့ တခြား ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ရုပ်သံနဲ့ မှတ်တမ်းတင်ထားခဲ့ပြီး အင်တာနက်မှာ ဖြန့်ချိခဲ့ပါတယ်။ ဒီနောက်မှာတော့ ဖမ်းဆီးခံရသူတွေထဲက တဦးဖြစ်တဲ့ နောပတ်ဒေါရဲ့ ရည်းစား အသက် ၁၉ နှစ်အရွယ် နူဂျာရီကိုလည်း ဖေ့ဘွတ်ခ် တယ်လီဖုန်းတွေကတဆင့် ယာဘရောင်းချမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။
6 years Ago
Up