ချင်းမိုင်တွင် လေပြင်းတိုက် နေအိမ်နှင့် ကားများ ပျက်စီး

May 18, 2016

ချင်းမိုင်တွင် လေပြင်းတိုက် နေအိမ်နှင့် ကားများ ပျက်စီး

ထိုင်းနိုင်ငံ ချင်းမိုင် မှာ မေလ ၁၇ ရက် ည ၁၀ နာရီကျော်လောက်က လေပြင်းတိုက်ပြီး သစ်ပင်၊ အိမ်နဲ့ မော်တော်ကားတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ အထူးသဖြင့် ဆာရပီးမြို့နယ်မှာဆိုရင်  နှစ်ရှည်ကညင်ပင်ကြီးတွေ ကျိုးကျတဲ့အတွက်  နေအိမ် ၅ လုံးနဲ့ ကားတစ်စီးပါ ပျက်စီးခဲ့ရသလို လျှပ်စီးမီးပြတ်တောက်မှုနဲ့ လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။ နောင်ဖိန့်ရပ်ကွက်ထဲက ကန်းကနုတ်အိမ်ယာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလည်း  မြန်မာရွှေ့ပြောင်းအလုပ်သမားများနေထိုင်ရာ တန်းလျားပြိုကျပျက်စီး ခဲ့ပါတယ်။  
6 years Ago
Up