ချင်းမိုင်တွင် ငွေအကြွေစက်ထဲမှ ငွေများကို ဖောက်ထွင်းခိုးယူသူ မြန်မာ ၂ ဦး ဖမ်းမိ

October 7, 2016

ချင်းမိုင်တွင် ငွေအကြွေစက်ထဲမှ ငွေများကို ဖောက်ထွင်းခိုးယူသူ မြန်မာ ၂ ဦး ဖမ်းမိ

ထိုင်းနိုင်ငံမှာ ငွေအကြွေစက်တွေထဲက ငွေတွေကို ဖောက်ထွင်းခိုးယူခဲ့ကြတဲ့ မြန် မာနိုင်ငံသား ၂ ဦးကို ရဲတွေက အောက်တိုဘာလ ၆ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ သူတို့ ၂ ဦးဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့နဲ့ လန်းဖမ်းမြို့ဧရိယာတ၀ိုက်မှ ငွေအကြွေစက်တွေထဲက ငွေတွေကို ဖောက်ထွင်းခိုးယူခဲ့ကြတာလို့ ချင်းမိုင်ဒေးလီးနယူး စ်သတင်းမှာ ဖော်ပြပါတယ်။ ငွေအကြွေစက်တွေထဲမှ ငွေတွေပျောက်ဆုံးနေခဲ့တယ်လို့ တိုင်ကြားမှုတွေ ရှိခဲ့တဲ့ အတွက် ရဲတွေက စုံစမ်းခဲ့အပြီးမှာ အဆိုပါမြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး သူတို့က ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံခဲ့တာပါ။ စစ်ဆေးမှုတွေအရ သူတို့ဟာ ထိုင်းနိုင်ငံတွင်းမှာ တရားမ၀င်နေထိုင်သူတွေဖြစ်ပြီး မူးယစ်ဆေးဝါးဝယ်ဖို့အတွက် ခုလိုကျူးလွန်ခဲ့ကြတာလို့ ဆိုပါတယ်။ သူတို့ဟာ ငွေအကြွေစက်ထဲက ငွေတွေကို ထုတ်ယူဖို့ မော်တော်ဆိုင်ကယ်တစီး နဲ့ တံခါးဂျက်ဖြတ်စက်(Bolt Cutter)တွေကို အသုံးပြုခဲ့ကြတာပါ။ သူတို့ ၂ ဦးရဲ့ နာမည်တွေကိုတော့ သတင်းမှာ ဖော်ပြမထားပဲ လက်ရှိမှာတော့ သူ တို့ကို ဆမ်ပတုန်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
6 years Ago
Up