ချင်းမိုင်တွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇ ဦး တွေ့ရှိ

A d v e r t i s e m e n t With Us

August 30, 2016

ချင်းမိုင်တွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇ ဦး တွေ့ရှိ

ထိုင်းနိုင်ငံ မြောက်ပိုင်း မြို့တော် ချင်းမိုင်မှာ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇ ဦးရှိသွားပြီလို့  ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ဒီကနေ့မနက်က  ချင်းမိုင်ခရိုင် အုပ်ချုပ်ချုပ်ရေးရုံးမှာ  ချင်းမိုင်ခရိုင်ဝန် နိုင်းပ၀င်း ချမ်းနိပဆဒ် နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ လပတ်အစည်းအဝေးကျင်းပခဲ့ပြီး ပြည်သူ့ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်လို့ ဆွေးနွေးစဉ်မှာ ခရိုင်ကျန်းမာရေးဌာနမှ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇ ဦးရှိသွားပြီဖြစ်ကြောင်း အစီရင်ခံခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရောဂါကူးစက်ခံရသူ ၇ ဦးမှာ ဆန်ဆိုင်းမြို့နယ် နောင်ဟန်၊ မယ့်ဖက်နဲ့ ဆန်ဆိုင်းလုံ ရပ်ကွက်တွေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သွေးလွန်တုပ်ကွေးကူးစက်သူများမှာလည်း ချင်းမိုင်ခရိုင်ရဲ့ မြို့နယ်တိုင်းလိုမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ချင်းမိုင်ခရိုင်ဝန်က မိမိဒေသတွင်း ကူးစက်ရောဂါအခြေအနေကို ထိန်ချန်ခြင်းမပြုဘဲ ပြည်သူတွေ သတိထားနိုင်အောင် အသိပေးဖို့၊ ကာကွယ်ကုသရေးလုပ်ငန်းတွေလည်း အရှိန်မြှင့်ဆောင်ရွက်ဖို့နဲ့ အထူးသဖြင့် အသိပညာပေးရေး ပိုမိုထိရောက်အောင် နည်းလမ်းသစ်တွေ ရှာဖွေဖို့ အစည်းအဝေးမှာ ညွှန်ကြားသွားပါတယ်။
5 years Ago
Up