ချင်းမင်ပွဲတော်

April 8, 2018

ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နေသည့် တရုတ်နိုင်ငံ ချင်းမင်ပွဲတော်

တရုတ်နိုင်ငံမှာ ၃ ရက်ကြာ နှစ်စဉ်ကျင်းပနေကျ ချင်းမင်ပွဲတော်ဟာ တနင်္ဂနွေနေ့မှာ ပြီးဆုံးတော့မှာပါ။ နိုင်ငံတလွှား လူအများအပြားဟာ လုပ်ငန်းခွင် ပြန်မဝင်ခင် သဘာဝအလှအပတွေ ခံစားရင်း နားနေကြပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်စုပြည်နယ် ယန်ချောင်မြို့က ချယ်ရီပန်းတွေ အပြည့်အဝ ပွင့်နေလို့ ချယ်ရီပွဲတော်ကို တရုတ်ရှေးဟောင်း ဝတ်စုံတွေ ဆင်မြန်းထားတဲ့ ဖော်ျဖြေသူတွေက ချီတက်ရင်း ကျင်းပပါတယ်။ အိမ်နီးချင်း ကျဲ့ကျန်းပြည်နယ်မှာလည်း အစွမ်းကုန် ပွင့်လန်းနေတဲ့ ပီအိုနီပန်းပင်တွေက အိမ်နီးချင်း မြို့ရွာတွေက ခရီးသည်တွေကို ဆွဲဆောင်နေတာပါ။ ဝှစ်တီးရီးယားလို့ ခေါ်တဲ့ ငုနွယ်တွေနဲ့ မုန်ညင်းပန်းပင်တွေကလည်း ပြည်နယ်အတွင်း အံ့သြစရာ မြင်ကွင်းကို ဖန်တီးပေးထားပါတယ်။ ကျန်းရှီးပြည်နယ် ယူနန်းမြို့ထဲမှာတော့ အစိမ်းရောင်ရေကန်နဲ့ ပန်းနီနီတွေက ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ထားပါတယ်။ တရုတ်အနောက်တောင်ပိုင်း ချုံချင်းပြည်နယ်ထဲမှာတော့ အနီရောင် မေပယ်ပင်တွေကြောင့် ကမ္ဘာလှည့် ခရီးသည်တွေ မဖြစ်မနေ သွားရောက်လည်ပတ်ရမယ့် စာရင်းထဲ ဝင်ခဲ့ပါတယ်။
3 years Ago
Up