ချင်းတွင်းမြစ်ရေ ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်ကို ရက်ပိုင်းအတွင်း ရောက်ရှိနိုင်

July 11, 2018

ချင်းတွင်းမြစ်ရေ ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်ကို ရက်ပိုင်းအတွင်း ရောက်ရှိနိုင်

ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ဒီရက်ပိုင်းမှာ ရောက်ရှိနိုင်လို့ မြို့နယ်တွင်းက မြစ်ကမ်းနားနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူးသတိပြုကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန က သတိပေးထားပါတယ်။ ဒီနေ့ညနေ ၃ နာရီအချိန်က သတိပေးချက် ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီနေ့ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်ရဲ့ အောက် ၂ ပေလောက်မှာ ရှိနေတာပါ။ မြစ်ရေဟာ နောက် ၃ ရက်အတွင်း ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ လည်း ဆိုပါတယ်။
3 years Ago
Up