စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ အိုင်တောင်(ရွာမ)နဲ့ အိုင်တောင် (တောင်ရွာ) စတဲ့ ကျေးရွာအတွင်းရှိ မိသားစုဝင်တွေ ချင်းတွင်းမြစ်ရေ မြင့်တက်လာတဲ့ အတွက် ကုန်းမြင့်တွေကို ပြောင်းရွှေ့နေကြရပါတယ်။
ကနီမြို့နယ်အတွင်းရှိ အိုင်တောင်(ရွာမ)နဲ့ အိုင်တောင်(တောင်ရွာ)က အိမ်ခြေ ၂၈၀ က လူဦးရေ ၁၅၄၈ ဦးတို့ ကုန်းမြင့်နေရာတွေကို ပြောင်းရွှေ့နေရတာပါ။
အိုင်တောင်(ရွာမ)က အိမ်ထောင်စု ၂၂၂ စု၊ အိမ်ခြေ ၁၉၅ လုံးက လူပေါင်း ၁၀၅၂ ကျော်တို့ဟာ ကုန်းမြင့်ဒေသဖြစ်တဲ့ သူဌေးကုန်းပေါ်ကို ပြောင်းရွှေ့နေကြပြီး အိုင်တောင် (တောင်ရွာ) မှာလည်း အိမ်ထောင်စု ၁၀၂ စု၊ အိမ်ခြေ ၈၅ လုံး၊ လူပေါင်း ၄၉၆ တို့လည်း ကုန်းမြင့်ရှိရာ အိုင်တောင်ရွာသစ်ကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။
ချင်းတွင်းမြစ်ရေ ဆက်လက်မြင့်တက်နေတဲ့အတွက် ပြောင်းရွှေ့အိမ်ထောင်စုနဲ့ လူဦးရေလည်း တိုးလာနိုင်ဖွယ်ရှိတယ်လို့ ဒေသခံ ကိုဝင်းဇော်ခိုင် က ပြောကြားပါတယ်။
သတင်း၊ ဓာတ်ပုံ - ဌေးလှိုင်
7 years Ago