ချင်းတွင်းမြစ်ရေ

August 7, 2018

ချင်းတွင်းမြစ်ရေကြီးပြီး မုံရွာနှင့် မင်းကင်းတွင် စိုးရိမ်ရေမှတ် ကျော်လွန်နေ

ချင်းတွင်းမြစ်ရေတက်လာနေပြီး မုံရွာနဲ့ မင်းကင်းမြို့တွေမှာ စိုးရိမ်ရေမှတ် ကျော်လွန် ရောက်ရှိနေတယ်လို့ မိုးလေ၀သနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဒီမနက် ထုတ်ပြန်ထားပါတယ်။ သြဂုတ် ၇ ရက် မနက် ၆နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ချင်းတွင်းမြစ်ရေဟာ မုံရွာမြို့မှာ စိုးရိမ်ရေမှတ်ရဲ့ အထက်ကို  ကျော်လွန်ပြီး ၁၀၀၁ စင်တီမီတာမှာ ရောက်နေသလို၊ မင်းကင်းမြို့မှာလည်း စိုးရိမ်ရေမှတ် အထက် ၁၃၇၉ စင်တီမီတာမှာ ရောက်နေပါတယ်။ အလားတူ ဟုမ္မလင်း၊ မော်လိုက်နဲ့ ကလေးဝမြို့တွေမှာလည်း  အဆိုပါမြို့တွေရဲ့ စိုးရိမ်ရေမှတ်သို့ ရောက်ရှိဖို့ နီးစပ်နေပြီလို့  မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။ သံလွင်မြစ်ရေကတော့ ဘားအံမှာ စိုးရိမ်ရေမှတ် အထက် ဆက်ရှိနေသလို စစ်တောင်းမြစ်ရေဟာလည်း မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်နဲ့ ငဝန်မြစ်ရေက သာပေါင်းမြို့မှာ စိုးရိမ်ရေမှတ် အထက်မှာ ရှိနေပါတယ်။
3 years Ago

July 10, 2018

ချင်းတွင်းမြစ်ရေ မြင့်တက်လာသဖြင့် ရေဝဲများကို အထူးသတိထားရန် နှိုးဆော်

ချင်းတွင်းမြစ်ရေ မြင့်တက်လာလို့ မြစ်ကြောင်းသွားရေယာဉ်တွေအနေနဲ့ ရေဝဲတွေကို အထူးသတိထားဖို့ စစ်ကိုင်းတိုင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က နှိုးဆော်ထားပါတယ်။ မုံရွာကနေ ၁၉ မိုင်အကွာ မုံရွာနဲ့ ကနီကြားမှာရှိတဲ့ ရွှေစာရေးဝဲ၊ မုံရွာကနေ မိုင် ၉၀ အကွာ ကနီနဲ့ မင်းကင်းကြားက ဝက်သိုက်ဝဲ၊ မုံရွာက ၁၄၄ မိုင်အကွာ မင်းကင်းနဲ့ ကလေးဝ အကြားက ပေဝဲ၊ မုံရွာက မိုင် ၁၆၀ အကွာ ကလေးဝနဲ့ မော်လိုက်အကြားမှာရှိတဲ့ လောင်းဂရိတ်ဝဲ၊ မုံရွာက ၁၆၅ မိုင်အကွာ ကလေးဝနဲ့ မော်လိုက်အကြားမှာရှိတဲ့ မစိန်ဝဲ၊ မော်လိုက်နဲ့ ဖောင်းပြင်ကြားက ရွှေပုလ္လင်ဝဲ၊ ဟုမ္မလင်းနဲ့ ခန္တီးအကြားက ကတိုးဝဲတို့ကို အထူးဂရုပြု ဖြတ်ကျော်မောင်းနှင်ဖို့ သတိပေးထားတာပါ။
4 years Ago
More News
Up