ချင်းတွင်းမြစ်တွင်း ခရီးသည်တင်စက်လှေနစ်မြုပ်၊ ၁၂ ဦးပျောက်ဆုံးနေ

A d v e r t i s e m e n t With Us

November 1, 2015

ချင်းတွင်းမြစ်တွင်း ခရီးသည်တင်စက်လှေ နစ်မြုပ်၊ ၁၂ ဦး ပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း ကလေးခရိုင်၊ ကလေးဝမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်းမှာ  နိုဝင်ဘာ ၁ ရက် မနက် ၅ နာရီ ၃၀ မိနစ်အချိန်လောက်က ခရီးသည်တင် အမြန်ရေယာဉ်တစ်စီး နစ်မြုပ်ပြီး အနည်းဆုံးလူ ၄ ဦး သေဆုံးကာ ၈ ဦး ပျောက်ဆုံးနေပါတယ်။ မြန်မာဇဗ္ဖူထွန်း အမြန်ရေယာဉ်အသင်းက ပြေးဆွဲတဲ့ ရာဇာထွန်း ရေယာဉ်ဟာ ဂဇက်ကျေးရွာနဲ့ လောင်းဂရိတ်ဝဲအကြားကုလားမစွယ်နေရာ ရေကြောင်းပြောင်းလဲမှုကြောင့် ကျောက်စွယ်နဲ့ တိုက်မိနစ်မြုပ်သွားတာလို့  စစ်ကိုင်းတိုင်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီရုံး တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။ အဆိုပါ နစ်မြုတ်ရေယာဉ်ဟာ အောက်တိုဘာ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မုံရွာ ဆိပ်ကမ်းမှ ဟုမ္မလင်းမြို့နယ် နမ့်တော၊ ဆယ်ဇင်းဒေသကို ဦးတည်ခုတ်မောင်းထွက်ခွာ သွားတဲ့ ရေယာဉ်ဖြစ်ပါတယ်။ ရေယာဉ်ပေါ်မှာ လိုက်ပါလာသူ ခရီးသည်အရေအတွက် စုစုပေါင်းကို အတိအကျ မသိရသေးပေမယ့်  မုံရွာက စီးနင်းလိုက်ပါသူ ခရီးသည် ၈၅ ဦးနဲ့ ကလေးဝ ဆိပ်ကမ်းမှ လိုက်ပါစီးနင်းသည့်ခရီးတဲ့ ၃၅ ဦးရှိတယ်လို့  မြန်မာဇဗ္ဖူထွန်း ခရီးသည်သယ်ယူပို့ဆောင်ရေး ရေယာဉ်ဂိတ် အသိုင်းအ၀ိုင်းက သိရပါတယ်။ ကလေးမြို့ရဲစခန်းကတော့ စစ်လှေနစ်မြုပ်မှုမှာ  ၁၂ ဦးပျောက်ဆုံးသွားပြီး ဒီအထဲမှာ အမျိုးသမီး ၄ ဦးရဲ့ အလောင်းတွေ ပြန်လည်ဆယ်ယူရရှိထားတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။ ဒဏ်ရာရသူ ၄ ဦးကိုလည်း ကလေးမြို့ ကုတင် ၁၀၀ ဆေးရုံမှာ ပို့ဆောင် ဆေးကုသမှုပေးထားတယ်လို့ ဆိုပါတယ်။ ရေယာဉ်နစ်မြုပ်ရာနေရာမှာ စစ်တပ်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပြီး ခရီးသည် အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၈ ဦးတို့ကို အချိန်မီကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဂဇက်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံမှာ  ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပါတယ်။ သတင်းဓာတ်ပုံ - ကိုတိုးကြီး
5 years Ago
Up