ချင်းတွင်းမြစ်တွင်း

A d v e r t i s e m e n t With Us

January 6, 2017

ချင်းတွင်းမြစ်တွင်း ရှပ်ပြေးရေယာဉ်တိုက်မိ၊ ခရီးသည်အချို့ ဒဏ်ရာရ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းမှာ ဇန်နဝါရီ ၅ ရက်ည ၈ နာရီလောက်က ဟုမ္မလင်းမြို့ကနေ စုန်ဆင်းလာတဲ့ စိုးသူရအောင် သီးသန့် ရှပ်ပြေးအမြန်ရေယာဉ်နဲ့ မုံရွာမြို့မှ ဆန်တက်လာတဲ့ ဂျိုးဝါကုန်တင်အမြန်ရေယာဉ်တို့ တိုက်မိခဲ့ပါတယ်။ ရေယာဉ် ၂ စီးတိုက်မှုကြောင့် ရှပ်ပြေးရေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်အချို့ ထိခိုက်ပွန်းပဲ့လက်ကျိုးဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတော့မရှိဘူးလို့ သွားရောက်ကူညီကယ်ဆယ်တဲ့ ကိုဝင်းဇော်ခိုင်က ပြောပါတယ်။ ရှပ်ပြေးရေယာဉ်ပေါ်မှာ ခရီးသည်အယောက် ၅၀ လောက် လိုက်ပါလာခဲ့ပြီး ဂျိုးဝါကုန်တင်ရေယာဉ်ပေါ်မှာတော့ လောင်စာဆီပေပါအလုံး ၄၀၀ ကျော်တင်ဆောင်လာတာဖြစ်ပြီး မြစ်ရေနည်းပါးချိန်ဖြစ်လို့ ရေကြောင်းကျဉ်းမြောင်းပြီး ရေကြောင်းလုမောင်းရာမှ မတော်တဆတိုက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဖြစ်စဉ်ကြောင့် ခရီးသည်တင်ရှပ်ပြေးအမြန်ရေယာဉ်ရဲ့အမိုး ပျက်စီးခဲ့သလို ရှပ်ပြေးပေါ်ပါလာတဲ့ အမျိုးသမီးတဦး ဝဲလက်ဖျံကျိုး၊နဲ့ အခြား ၃ ဦးတို့ ထိခိုက်ပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာအနည်းငယ်စီရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ညတွင်းချင်း ကင်းတိုက်နယ်ဆေးရိုကို ပို့ဆောင် ဆေးကုသမှု ခံယူစေခဲ့ပြီး ရေယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
4 years Ago

December 8, 2016

ချင်းတွင်းမြစ်တွင်း ရွှေရှာလုပ်ငန်းများကြောင့် ရေကြောင်းခရီးအခက်ကြုံနေ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်၊ ချင်းတွင်းမြစ်အတွင်း တရားမ၀င် ရွှေတူးဖော်နေတဲ့ ရွှေဖောင်တွေရဲ့ စွန့်ပစ်ကျောက်ခဲပုံတွေကြောင့်  ရေကြောင်းခရီးသွားဒေသခံတွေ အခက်အခဲနဲ့ကြုံတွေ့နေရပါတယ်။ ခန္တီးမြို့နယ်အတွင်း တရားမဝင် ရွှေမျောလုပ်ကိုင်နေတဲ့ ရွှေဖောင် ၃ စီးရှိပြီး ၂ စီးဟာ ချင်းတွင်းမြစ်အထက် ဗဒူးမုန်းကျေးရွာအနီးရှိ နတ်မှော်ချောင်းအတွင်း ငှက်ပျောတောမှာ လုပ်ကိုင်နေပြီး ကျန် ၁ စီးကတော့  ချင်းတွင်းမြစ်အထက်ပိုင်း ချောင်းခွဲတခုဖြစ်တဲ့ ဟတ်ဆားချောင်းဝမှာ လုပ်ကိုင်နေကြတာပါ။ ချင်းတွင်းမြစ် အထက်ပိုင်းမှာ ပေါ်ပေါ်တင်တင် ရွှေဖောင်လုပ်ကိုင်နေကြပြီး စွန့်ပစ်ကျောက်ခဲပုံတွေကြောင့် ရေကြောင်း ကျဉ်းမြောင်းသွားသလို  ကျောက်ခဲ့ပုံနေရာမှာ ရေစီး အလွန်သန်တာတဲ့အတွက် ရေကြောင်းသွား စက်လှေတွေ ဘေးအန္တရာယ်တခုခုဖြစ်မှာကို စိုးရိမ်ရတယ်လို့ ဒေသခံခရီးသွားတွေက ပြောပါတယ်။ မြန်မာနိုင်ငံက အဓိကမြစ်ကြီးလေးသွယ်ဖြစ်တဲ့ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့ သံလွင်မြစ်ထဲမှာ  ရွှေရှာဖွေလုပ်ကိုင်ခွင့်ကို အစိုးရက တရားဝင် တားမြစ်ပိတ်ပင်ထားပါတယ်။
4 years Ago
More News
Up