၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့မှာ ချင်းတိုင်းရင်းသား တိုင်းရင်းသူတွေထဲက အားကစားအပိုင်းမှာ ထူးချွန်တဲ့သူတွေကို ဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့ပါတယ်။
ချင်းတိုင်းရင်းသားတွေဖြစ်တဲ့ ဘောလုံးအားကစားက ဆော်လမန်၊ ဖြိုးကိုကိုသိန်း၊ မြားပစ်အားကစားက အောင်ငှိမ်း၊ ယောစိမ်းယ အပါအဝင် တခြား နိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာ ရွှေတံဆိပ်နဲ့ အခြားသော ဆုတံဆိပ်တွေ ရရှိတဲ့ ကစားသမားတွေကို ဆုချီးမြှင့်ပေးခဲ့တာပါ။
ဒီပွဲမှာ ချင်းလူမျိုးအများစုဟာ မြားပစ်အားကစားမှာ ထူးချွန်တာကို တွေ့ခဲ့ရပြီး ကာယဗလ၊ ဗိုဗီနမ်၊ မြားပစ်၊ ဘောလုံး၊ လက်ဝှေ့ အားကစားသမားတွေကို ချီးမြှင့်ပေးခဲ့ပါတယ်။
၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က နေပြည်တော်မှာရှိတဲ့ MICC 2 မှာ ကျင်းပခဲ့တာပါ။
သတင်း၊ ဓာတ်ပုံ - ထက်လူ
4 years Ago