၁၈ ရာစု ချင်မင်းဆက်လက်ထက် ရှားပါး တရုတ် ကြွေပန်းအိုးတလုံးကို ပြင်သစ်မြို့တော် ပါရီမှာ ဇွန်လ ၁၂ ရက်နေ့ လေလံတင်မှာ ဖြစ်ပါတယ်။
ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၈ သိန်း ၂ သောင်း ၇ ထောင်ထက် ပိုမြင့်တဲ့ဈေး ရနိုင်တယ်လို့ စီးပွားရေးသမားတွေနဲ့ မီဒီယာတွေက ထင်ကြေးပေးထားပါတယ်။
ချင်မင်းဆက်ရဲ့ ၆ ယောက်မြောက် အင်ပါယာဘုရင် ချန်းလုံအတွက် လုပ်ခဲ့တဲ့ ကြွေပန်းအိုးလို့ သူ့ရာဇဝင်ကို သိရပါတယ်။
အသက်ရှည် ကျန်းမာခြင်းရဲ့ နိမိတ်ပုံတွေဖြစ်တဲ့ ကြိုးကြာ၊ ထင်းရှူးပင်နဲ့ သမင်တို့ရဲ့ ပုံတွေကို အနောက်တိုင်း အနုပညာနည်းလမ်းတွေနဲ့ရော တရုတ်ရိုးရာ အမွှန်းအပြောက် အဆင်တန်ဆာတွေကိုပါ သုံးပြီး ပန်းအိုးပေါ်မှာ အနုပညာ လက်ရာမြောက်စွာ ခြယ်မှုန်းထားပါတယ်။
ဒီပန်းအိုးကို ပြင်သစ် ကျေးလက်ဒေသ အိမ်တလုံးရဲ့ အမိုးအောက် ထပ်ခိုးထဲမှာ တခြားပစ္စည်းတွေနဲ့အတူ မတော်တဆ တွေ့ခဲ့တာပါ။
ဒီလို အသေးစိတ်တွေပါတဲ့ ဒီပန်းအိုးဟာ သိထားသမျှထဲမှာ တခုတည်းသော နမူနာပဲလို့ ဆိုသေဘီ လေလံဌာန အာရှ အနုပညာရပ်ဆိုင်ရာ ပညာရှင် အိုလီဗီယာ ဗယ်လ်မီယာက ပြောပါတယ်။
ဧပြီလတုန်းကလည်း ချင်မင်းဆက်ခေတ်က ပန်းကန်လုံးတလုံးကို ဟောင်ကောင်မှာ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၄ သန်းနဲ့ ရောင်းခဲ့ဖူးပါတယ်။
5 years Ago