ချင်ပန်ဇီများတွင် ကိုးကွယ်ယုံကြည်ရာ တခုရှိဟု သုတေသနတွေ့ရှိ

A d v e r t i s e m e n t With Us

March 8, 2016

ချင်ပန်ဇီများတွင် ကိုးကွယ်ယုံကြည်ရာ တခုရှိဟု သုတေသနတွေ့ရှိ (ရုပ်သံ)

ချင်ပန်ဇီတွေ အပြုအမူနဲ့ ပတ်သက်ပြီး ရိုက်ယူထားတဲ့ ရုပ်သံဖိုင်ထဲက အပြုအမှုကြောင့် ချင်ပန်ဇီတွေမှာ ကိုးကွယ်ယုံကြည်ရာတခု ရှိနေနိုင်တယ်လို့ သုတေသနသမားတွေက တွေ့ရှိခဲ့ပါတယ်။ ဘာသာရေးယုံကြည်မှု အစကို ပြသနိုင်မယ့် ရှားပါးတဲ့ ထုံးတမ်းဓလေ့တခုကို ချင်ပန်ဇီ အပြုအမူတွေကို လေ့လာဖို့ ရိုက်ယူဖို့  ထားထားတဲ့ ကင်မရာတွေကနေ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အနောက်အာဖရိကက ချင်ပန်ဇီတွေက သစ်ပင်တွေကို ကျောက်တုံးတွေနဲ့ ပစ်ပေါက် ထုရိုက်နေတာ၊ သစ်ပင်က နေရာလွတ်တွေမှာ ကျောက်တုံးတွေ ထည့်သွင်းပြီး ကျောက်ပုံတွေဖြစ်အောင် လုပ်ဆောင်နေတဲ့ အပြုအမူတွေကို တွေ့ရှိခဲ့သလို ဒါဟာ အစောပိုင်း ဘာသာရေး ထုံးတမ်းတွေရဲ့ ပုံသဏ္ဌာန်နဲ့ ဆင်တူနေတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို ကျောက်တုံးတွေပုံတဲ့ အပြုအမူက လူသားသမိုင်းမှာ အမှတ်တရ ကျောက်ပုံလုပ်ဆောင်လေ့ရှိတဲ့ ဘာသာရေးထုံးတမ်းနဲ့ အလားသဏ္ဌာန် တူနေပါတယ်။ ဒီတွေ့ရှိမှုက လူသားတွေရဲ့ ဘာသာရေးနဲ့ ထုံးတမ်းဓလေ့ ယုံကြည်မှု၊ သမိုင်းမှာ ဒီလှုပ်ရှားမှုတွေက ဘယ်လိုဖြစ်ခဲ့သလဲ ဆိုတာတွေကို လေ့လာရာမှာ သုတေသနသမားတွေအတွက် အကူအညီရစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ချင်ပန်ဇီနဲ့ တခြား မျောက်ဝံတွေက ကျောက်တုံးနဲ့ တခြားပစ္စည်းတွေကို ကိရိယာ တန်ဆာပလာအဖြစ် အသုံးပြုလေ့ ရှိပါတယ်။ ဒါပေမယ့် အခုတွေ့ရတဲ့ အပြုအမူတွေက ကျောက်တုံးတွေကို ကိရိယာအဖြစ် အသုံးပြုတဲ့ ရည်ရွယ်ချက်နဲ့ အလားသဏ္ဌာန် မတူဘူးလို့ ပြောပါတယ်။
5 years Ago
Up