ချက်နိုင်ငံသူ

March 27, 2019

စွန့်ပစ် ပလတ်စတစ်ဘူးများဖြင့် လက်ရာမြောက် အနုပညာပစ္စည်းများ ဖန်တီးသူ (ရုပ်သံ)

ချက်သမ္မတနိုင်ငံ ဘတ်စတဲ ဟရဒ်မြို့ငယ်လေးမှာ ဗယ်ရောနီကာ ရီခ်ျတယ်ရော်ဗာ ဆိုသူ အမျိုးသမီးဟာ ပလတ်စတစ်ဘူးတွေနဲ့ လက်မှုလက်ရာတွေ အနုပညာမြောက် ဖန်တီးသူတဦး ဖြစ်ပါတယ်။ သူဟာ သုံးပြီးသားပစ္စည်းတွေနဲ့ အနုပညာလက်ရာ ဖန်တီးရတာ ကြိုက်နှစ်သက်ပြီး ကလေးဘဝတည်းက လူတွေလွှင့်ပစ်လိုက်တဲ့ အရာတွေကို သုံးပြီး အသစ်ဖန်တီးဖို့ စဉ်းစားနေခဲ့တာလို့ ပြောပါတယ်။ ရီခ်ျတယ်ရော်ဗာဟာ ရောင်စုံဘူးခွံတွေနဲ့ တခြားပစ္စည်းတွေကို ရှာဖို့ စွန့်ပစ်ပစ္စည်းတွေကို သုံးပြီး ပစ္စည်းသစ်ပြန်လုပ်တဲ့ ဌာနတွေနဲ့ အမှိုက်သိမ်းဌာနတွေကို သွားလေ့ရှိပါတယ်။ လက်ရှိမှာ သူဟာ ပြင်သစ်နိုင်ငံ ပါရီမြို့က နာမည်ကျော် Printemps department ဖက်ရှင်စတိုးရဲ့ မှန်ပြတင်းမှာ အလှဆင်ဖို့ ဒီဇိုင်းတခု ဖန်တီးနေပါတယ်။ ပြင်သစ်နိုင်ငံနဲ့ ချက်နိုင်ငံက အနုပညာကျောင်းတွေမှာ ဘွဲ့ရခဲ့တဲ့ အသက် ၅၅ နှစ်အရွယ် ရီခ်ျတယ်ရော်ဗာဟာ များသောအားဖြင့် သစ်သား၊ သတ္တုနဲ့ အနုပညာလက်ရာတွေ ပြုလုပ်ခဲ့ပေမယ့် ၂၀၀၄ ခုနှစ်မှ ပလတ်စတစ်ကို စသုံးခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်အနည်းက ဂျပန်နိုင်ငံကို ရောက်ရှိချိန်မှာ ရီခ်ျတယ်ရော်ဗာဟာ ဆူရှီနဲ့ တခြား အသင့်စား အစားအစာတွေထည့်တဲ့ ပလတ်စတစ် ပန်ကန်ပြားတွေလည်း ဖန်တီးခဲ့ပါတယ်။ ရီခ်ျတယ်ရော်ဗာရဲ့ ဆူရှီထည့်သွင်း ဖန်တီးထားတဲ့ ပလတ်စတစ်ပန်းကန်ပြား လက်ရာတွေကို ချက်နိုင်ငံမှာ ပြုလုပ်တဲ့ ဂျပန်အသင့်စား အစားအစာပြပွဲမှာ ပြသခဲ့ပါသေးတယ်။
3 years Ago
Up