ချက်နိုင်ငံ

May 25, 2019

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဇွန်လထဲ ချက်နိုင်ငံ သွားမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ အစောပိုင်းမှာ ချက်နိုင်ငံကို သွားရောက်လည်ပတ်ဖို့ ရှိနေတယ်လို့ ချက်နိုင်ငံ ရေဒီယိုပရာဟာ သတင်းမှာ ဖော်ပြထားပါတယ်။ ချက်ဝန်ကြီးချုပ် အန်ဒရေ ဘာဘတ်စ်ရဲ့ ဖိတ်ကြားချက်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ၄ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်မှာ ဖြစ်ပြီး သမ္မတ မီလို ဇီမန်း၊ နိုင်ငံခြားရေးဝန်ကြီး တိုမက်စ် ပက်ထရစ်ဆက်တို၊ ပါလီမန်ဆိုင်ရာ ကိုယ်စားလှယ်တို့နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ ချက်သမ္မတဟောင်း ဗားကလက် ဟာဗယ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံဘ၀တုန်းက ၁၉၉၁ ခုနှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရအောင် ကူညီပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၃ ခုနှစ်တုန်းက ချက်နိုင်ငံ ပရက်မှာလုပ်တဲ့ ဖိုရမ် ၂၀၀၀ ညီလာခံကို တက်ရောက်ခဲ့ဖူးပါတယ်။
3 years Ago

September 8, 2018

ချက်နိုင်ငံ အဆောက်အုံတလုံးထဲ ရဟတ်ယာဉ်ပျက်ကျ၊ ထိုင်းလုပ်ငန်းရှင် ၃ ဦးအပါ ၄ ဦး သေဆုံး

ချက်သမ္မတနိုင်ငံ ပီလ်ဆန်မြို့ စက်မှုဇုန်ထဲမှာရှိတဲ့ အဆောက်အအုံတလုံးထဲကို အသေးစားရဟတ်ယာဉ် တစင်းပျက်ကျခဲ့တာကြောင့် ရဟတ်ယာဉ်ပေါ်လိုက်လာသူ ၄ ဦးစလုံး သေဆုံးခဲ့တယ်လို့ ရဲကပြောပါတယ်။ သေဆုံးခဲ့သူတွေဟာ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၃ ဦးဖြစ်ပြီး နောက်တဦးဟာ Workpress လေကြောင်း ပျံသန်းရေး လုပ်ငန်းရဲ့ အမှုဆောင်ဖြစ်သလို လေယာဉ်မှူးလည်း ဖြစ်တယ်လို့ ထိုင်းမီဒီယာတွေက သတင်းဖော်ပြပါတယ်။ ရိုက်တာသတင်းဌာနက ရရှိတဲ့ သတင်းရုပ်ပုံတွေမှာတော့ ရဲတွေဟာ အဆောက်အအုံ မျက်နှာကြက်ပေါ်မှာတင်နေတဲ့ ရဟတ်ယာဉ်ရဲ့ အစိတ်အပိုင်းတွေကို လိုက်ကောက်နေတာတွေ့ ရပါတယ်။ ရဟတ်ယာဉ်ပျက်ကျမှုမှာ ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ ရဲတပ်ဖွဲ့ကတော့ ရဟတ်ယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို စုံစမ်းနေပါတယ်။
3 years Ago
Up