ချက်သမ္မတ

January 28, 2018

ချက်သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ပြန်လည်တင်မြှောက်ခံရ

ချက်သမ္မတနိုင်ငံ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မီးလော့စ်ဇီးမန်း ပြန်လည် ရွေးကောက်တင်မြှောက်ခံရတယ်လို့ ဇန်န၀ါရီ ၂၇ ရက်က ကြေညာခဲ့ပါတယ်။ သမ္မတ မီးလော့စ်ဇီးမန်းဟာ ချက်သိပ္ပံအကယ်ဒမီ အကြီးအကဲ ဂျီရီဒရေးဟို့စ်ကို ဒုတိယအကျော့ ယှဉ်ပြိုင်ရာမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ချက်သမ္မတ စာရင်းအင်းရုံး (CSU) က ထုတ်ပြန်တဲ့ အချက်အလက်အရ လက်ရှိသမ္မတ ဇီးမန်းဟာ မဲအရေအတွက် ၅၁ ဒသမ ၅၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဒရေးဟို့စ်ကတော့ ၄၈ ဒသမ ၄၁ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ ဒုတိယအကျော့ ရွေးကောက်ပွဲမှာ လာရောက်မဲပေးသူ  ၆၆ ဒသမ ၅ ရာခိုင်နှုန်းနဲ့ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ လက်ရှိသမ္မတ ဇီးမန်းဟာ ပထမဆုံး သမ္မတ တိုက်ရိုက်ရွေးချယ်ပွဲမှာ အနိုင်ရခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ တာဝန်စတင် ထမ်းဆောင်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up