ယူရိုပါလိဂ် အုပ်စု ကေ အဖွင့်ပွဲစဉ်အဖြစ် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်နဲ့ ချက်ကလပ် စပါတာပရပ်ဂ်တို့ စက်တင်ဘာ ၁၅ ရက်ညက ယှဉ်ပြိုင်ရာ ဆောက်သမ်တန်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးပွဲမှာ နိုင်ပွဲမရသေးဘဲ ဇယားအောက်ရောက်နေတဲ့ ဆောက်သမ်တန်ဟာ ယူရိုပါလိဂ်မှာတော့ အဖိုးတန်နိုင်ပွဲ ရယူနိုင်ခဲ့တာပါ။
ပွဲချိန် ၆ မိနစ်မှာပဲ ဆောက်သမ်တန်တိုက်စစ်မှူး ချာလီ အော်စတင်က ပယ်နယ်တီမှတဆင့် အဖွင့်ဂိုး သွင်းယူပေးခဲ့သလို ၂၇ မိနစ်မှာလည်း သူကပဲ ဒုတိယဂိုး ထပ်သွင်းပြီး ပထမပိုင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့တာပါ။
ဆောက်သမ်တန်ဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အသာစီး ရယူနိုင်ခဲ့ပါတယ်။
ဆောက်သမ်တန်အတွက် တတိယဂိုးကိုတော့ ပွဲကစားချိန် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ ဂျေး ရိုဒရီဂွက်ဇ်က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ ၂ ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ချာလီ အော်စတင်ဟာ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
4 years Ago