ခံစားခွင့်

A d v e r t i s e m e n t With Us

April 16, 2020

ဖလော်ရီဒါတွင် အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ များပြား

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံလိုက်ရတဲ့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ အလုပ်လက်မဲ့တွေဟာ အစိုးရ အထောက်အပံ့ကိုရဖို့ ကြိုးစား ရုန်းကန် နေရပါတယ်။ အမေရိကန်ပြည်သူ ၂၅၀၀၀ ထက်မနည်း သေဆုံးတဲ့အထိ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်လက်မဲ့ ဖြစ်ကုန်တဲ့လူတွေဟာ စားစရာနဲ့ တခြားမရှိမဖြစ် ပစ္စည်းတွေ ဝယ်ဖို့ အမေရိကန်အစိုးရရဲ့ အလုပ်လက်မဲ့ခံစားခွင့်ကို ရဖို့ ကြိုးစားနေတာပါ။ ဒါကြောင့် ဖုန်းလိုင်းတွေ မအားမလပ်ဖြစ်ကုန်ပြီး ခံစားခွင့် လျှောက်ထားတဲ့ အင်တာနက် စာမျက်နှာလည်း မပွင့်နိုင် ဖြစ်ခဲ့ရပါတယ်။ ဖလော်ရီဒါပြည်နယ်မှာ ဖုန်းခေါ်မှု ၂ ရာခိုင်နှုန်းကိုသာ ပြန်ဖြေနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီပြဿနာဟာ ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့ ဖလော်ရီဒါပြည်နယ်မှာ ရုတ်တရက် တိုးလာခဲ့ပါတယ်။ ထောင်သောင်းချီနေတဲ့ အလုပ်လက်မဲ့တွေဟာ လွန်ခဲ့တဲ့ ၃ ပတ်တည်းက မကျေနပ်ချက်ကို တင်ပြနိုင်ခဲ့ပေမယ့် ခုထိ လုပ်ငန်းစနစ်ထဲကို မရောက်နိုင်သေးဘဲ ဖြစ်နေတာပါ။ တမင်သက်သက် ပျက်ကွက်နေတာလို့ ဝေဖန်သူတွေက ပြောပါတယ်။ မင်နီဆိုးတာနဲ့ ယူတာပြည်နယ်တွေ အပါအဝင် တချို့ပြည်နယ်တွေမှာတော့ လျှောက်လွှာတင်သူတွေ ကြိတ်ကြိတ်တိုးနေပြီး တပတ်ကို အမေရိကန် ဒေါ်လာ ၆၀၀ ပြည်ထောင်စု ထပ်တိုးအကူအညီကို ဖြန့်ဖြူးပေးနေရတယ်လို့ လူအတော်များများက ပြောပါတယ်။ မနှစ်က ဖလော်ရီဒါပြည်နယ်မှာ အလုပ်လက်မဲ့ ၁၁ ရာခိုင်နှုန်းသာ ခံစားခွင့်တွေ ရခဲ့တာပါ။ မန်ဆာချူးဆက်နဲ့ နယူးဂျာစီပြည်နယ်တွေမှာတော့ အကျပ်အတည်းမဆိုက်ခင် အလုပ်လက်မဲ့ တဝက်ကျော်ကို အကူအညီတွေ ပေးပြီးပြီလို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။
11 months Ago
Up