ခံစစ်ကစားသမား ၂ ဦး

September 11, 2020

မန်ယူအတွက် ခံစစ်ကစားသမား ၂ ဦး ခေါ်ယူရန် ဘာဘာတော့ဗ် တိုက်တွန်း

မန်ယူနိုက်တက်အသင်းအနေနဲ့ ခံစစ်ကစားသမား ၂ ဦးသာ ခေါ်ယူဖို့ လိုအပ်တယ်လို့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က တိုက်တွန်းလိုက်ပါတယ်။  မန်ယူအသင်းအနေနဲ့ တိုက်စစ်ပိုင်းမှာ အင်အားဖြည့်ဖို့ လိုအပ်နေတယ်လို့ သုံးသပ်မှုတွေ ရှိပေမယ့် ခံစစ်ပိုင်းကိုပဲ အားဖြည့်ဖို့ လိုအပ်ကြောင်း ဘာဘာတော့ဗ်က သုံးသပ်ခဲ့တာပါ။  ယူနိုက်တက်အသင်းအနေနဲ့ ဗဟိုခံစစ်ကစားသမား ၁ ဦးနဲ့ ညာနောက်ခံကစားသမား ၁ ဦး ခေါ်ဖို့သာ အရေးတကြီး လိုအပ်တယ်လို့ ဘာဘာတော့ဗ်က ဆိုပါတယ်။  တိုက်စစ်ပိုင်းမှာ အတွေ့အကြုံရှိ ကစားသမားတဦး လိုအပ်ပေမဲ့  မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ရဲ့ လူငယ်တိုက်စစ်အတွဲကို သဘောကျသလို အီဂါလိုကိုလည်း အသုံးပြုနိုင်တယ်လို့ ဘာဘာတော့ဗ်ကပြောပါတယ်။  မန်ယူနိုက်တက်အသင်းအတွက် သင့်တော်တဲ့ တိုက်စစ်မှူး မြင်တွေ့ထားတာ ရှိသလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ မိမိကသာ အသင့်တော်ဆုံး တိုက်စစ်မှူးဖြစ်တယ်လို့ ဘာဘာတော့ဗ်က အရွှန်းဖောက်ပြီး ပြောကြားသွားခဲ့ပါတယ်။ 
1 year Ago
Up