ခဲနှင့် နီကယ်ဓာတ်တွေ့

December 10, 2020

အိန္ဒိယက အမျိုးအမည်မသိရောဂါဖြစ်ခဲ့သည့် လူနာများ၏ သွေးနမူနာတွင် ခဲနှင့် နီကယ်ဓာတ်တွေ့

အိန္ဒိယနိုင်ငံတောင်ပိုင်း အင်ဒရာပရာဒေ့ရှ်ပြည်နယ်မှာ အမျိုးအမည်မသိတဲ့ ရောဂါဖြစ်ပွားလို့ နေမကောင်းသူတွေ ရာနဲ့ချီဆေးရုံတင်ခဲ့ရပြီး လူနာတွေရဲ့သွေးနမူနာတွေကို စစ်ဆေးရာမှာ ခဲ နဲ့ နီကယ် အမှုန်အမွှားလမ်းကြောင်းတွေကို တွေ့ခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ဒီဇင်ဘာ ၉ ရက်မှာ ပြောပါတယ်။ နယူးဒေလီမြို့တော်က All-India Institute of Medical Sciences (AIIMS) က ဆရာဝန်တွေပါတဲ့အဖွဲ့တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က လူ ၁ ယောက် သေဆုံးပြီး လူ ၄၀၀ ကျော် ဆေးရုံတင်ရတဲ့ ဖြစ်ရပ်ကို စုံစမ်း စစ်ဆေးခဲ့ကြတာပါ။ ကလေးအယောက် ၃၀၀ ကျော်ဟာလည်း နေမကောင်းဖြစ်ခဲ့ပြီး အများစုက ခေါင်းမူး၊ ခေါင်းကိုက်၊ သတိလစ်၊ အော့အန်တာစတဲ့ လက္ခဏာတွေကို ပြခဲ့ပါတယ်။ သူတို့ကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရမှု မရှိပါဘူး။ သွေးထဲမှာ ခဲဓာတ်ပါဝင်မှု ပမာဏ မြင့်မားတာဟာ နှလုံးနဲ့အဆုတ်လို အရေးကြီးတဲ့ ကိုယ်တွင်း အင်္ဂါတွေ၊ အာရုံကြောစနစ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေကို ထိခိုက်စေပါတယ်။
4 months Ago
Up