ခေါ်လိုပါက

February 8, 2020

မာတီနက်ဇ်အား ခေါ်လိုပါက စာချုပ်ဖျက်သိမ်းကြေးပေးရမည်ဟု ယူနိုက်တက်ကို အင်တာ အကြောင်းပြန်

တိုက်စစ်မှူး လူတာရို မာတီနက်ဇ်ကို ခေါ်ယူချင်တယ်ဆိုရင် သူ့ရဲ့စာချုပ် ဖျက်သိမ်းကြေးအပြည့် ပေးရမယ်လို့ အင်တာမီလန်အသင်းက မန်ချက်စတာယူနိုက်တက်ကို အကြောင်းပြန်ခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။  ယူနိုက်တက်အသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူးကို နွေရာသီအပြောင်းအရွှေ့မှာ ခေါ် ယူဖို့ အင်တာမီလန်အသင်းကို ဈေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးသစ်တယောက်ကို ရှာဖွေနေပြီး ပြီးခဲ့တဲ့ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဟာလန်းကို လက်လွှတ်ခဲ့ရတာကြောင့် နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုကို ကာလတိုစာချုပ်နဲ့သာ ခေါ်ယူခဲ့ရပါတယ်။  လူကာကူကို ရောင်းထုတ်ထားတာ၊ ဆန်းချက်ဇ်ကိုအငှားချထားတာတို့အပြင် အားထားရတဲ့ တိုက်စစ်မှူး ရပ်ဖို့ဒ်ဒဏ်ရာ ရရှိနေတာကြောင့် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ တိုက်စစ်မှူးသစ်တဦးကို ခေါ်ယူဖို့ အဓိကပစ်မှတ်ထား နေတာပါ။  Times သတင်းမှာ ဖော်ပြချက်အရ ယူနိုက်တက်ဟာ မာတီနက်ဇ်ကို နွေရာသီမှာ ခေါ်ယူဖို့   အတွက် အင်တာမီလန်အသင်းနဲ့ စကားပြောခဲ့ပြီး အင်တာဘက်က သူတို့ တိုက်စစ်မှူးကို လိုချင်တယ်ဆိုရင် စာချုပ်ဖျက် သိမ်းကြေးပေါင် ၉၄ သန်းပေးရမယ်လို့ အကြောင်းပြန်ခဲ့ကြောင်း သိရပါတယ်။  စီးရီးအေချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်ဖို့ကြိုးစားနေတဲ့ အင်တာမီလန်အသင်းဟာ သူတို့ရဲ့ တိုက်စစ်ကစားသမားကို လက်လွှတ်ဖို့ အစီစဉ်မရှိဘူးလို့ သိရပါတယ်။ မာတီနက်ဇ်နဲ့ အင်တာမီလန်အသင်းတို့ကြား စာချုပ်ဖျက်သိမ်းကြေးဟာ ဇူလိုင်လရဲ့ ပထမသီ  တင်းပတ်နှစ်ခုထိပဲ အကျုံးဝင်မှာဖြစ်တာကြောင့် ဒီကာလကျော်သွားရင် သူ့အတွက် အင်တာမီလန် အသင်းက ဈေးပိုမိုသွားနိုင်ချေရှိနေပါတယ်။  အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ အာဂျင်တီးနားလက်ရွေးစင်တိုက်  စစ်မှူးဟာ အင်တာမီလန်အသင်းအတွက် အထူးခြေစွမ်းပြနေတဲ့ကစားသမားဖြစ်ပြီး သူ့ကို မန်စီတီး၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ကလည်း စိတ်ဝင်စားနေပါတယ်။  သူဟာ ယူနိုက်တက်ကစားသမားဟောင်း လူကာကူနဲ့တော်တော်လေးအတွဲမိနေပြီးတော့ အင်တာမီလန်အသင်းအတွက် ဒီရာသီအတွင်း စီးရီးအေ ပွဲ  ၂၀ ကစားပြီး ၁၁ ဂိုး သွင်းယူထားပါတယ်။  ဟာလန်းလိုပဲ မာတီနက်ဇ်ဟာလည်း ဥရောပထိပ်သီးအသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာဖို့ ရှိနေပြီး တိုက်စစ်အင်အား ဖြည့်တင်းလိုနေတဲ့ ဘာစီလိုနာအသင်းဟာ သူ့ကို ခေါ်ယူသွားနိုင်ခြေ အမြင့်ဆုံးမှာ ရှိနေပါတယ်။  မာတီနက်ဇ်ဟာ အင်တာမီလန်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိ နေသူဖြစ်ပြီး အင်တာမီလန်အသင်းက သူ့ကို ဆက်ထိန်းသွားနေပေမယ့် တနိုင်ငံတည်းသား ဖြစ်တဲ့ မက်ဆီရဲ့ အသင်းကို ပြောင်းရွှေ့ဖို့ ရေပန်းစားနေပါတယ်။
1 year Ago
Up