လက်ရှိ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ လိုအပ်တယ်လို့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ပြောလိုက်ပါတယ်။
အသင်းလူစာရင်းတောင့်တင်းဖို့ လိုအပ်သလို နေရာအတွက် ပြိုင်ဆိုင်မှုလည်း ပြင်းထန်စေဖို့ ကစားသမားသစ်တွေ ခေါ်ယူချင်တယ်လို့ ကိုးမန်းက အတိအလင်းပြောခဲ့တာပါ။
ဒါပေမယ့် ဘာစီလိုနာဥက္ကဋ္ဌသစ် ရွေးကောက်ပွဲက ဇန်နဝါရီ ၂၄ ရက်မှာ ကျင်းပမှာ ဖြစ်လို့ လက်ရှိ အချိန်မှာ အမြဲတမ်းဥက္ကဋ္ဌ မရှိတာက ကစားသမားသစ်ခေါ်ယူရေးမှာ အခက်အခဲ ရှိနေတာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး အန်းဆုဖက်တီက ဒဏ်ရာကြောင့် အနားယူနေရသလို ဂျရတ်ပီကေး၊ ကော်တင်ဟို၊ ဆာဂျီရောဘတ်တို တို့ဟာလည်း ဒဏ်ရာရနေ ကြတာပါ။
ထိပ်ဆုံးက အက်သလက်တီကို အသင်းနဲ့ အမှတ်ကွာဟနေပေမဲ့ ရာသီကုန်အထိ တိုက်ပွဲ ဝင်စိတ်ဓာတ်နဲ့ကစားပြီး ချန်ပီယံ ဆုရယူနိုင်ဆဲဖြစ်ကြောင်းကို ပြသဖို့ လိုအပ်တယ်လို့လည်း ရော်နယ်ကိုးမန်းက သုံးသပ်ခဲ့ပါတယ်။
2 months Ago